Connect with us

Politics

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ထိုင်ဝမ်ခရီးစဉ်က အာရှတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသောကြောင့် မလိုလားကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ကြေညာချက်ထုတ်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အမှတ်တံဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း)

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) အနေဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်သည် အာရှတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသောကြောင့် မလိုလားကြောင်း ထုတ်ပြန်ခဲ့သည်ဟု အဆိုပါ အသင်းထံမှ သိရသည်။အဆိုပါ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်သည် အာရှဒေသတည်ငြိမ်အေးချမ်းမှုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်သောခရီးစဉ်အဖြစ် ရှုမြင်ကြောင်းနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရေးမှတစ်ဆင့် နိုင်ငံအချင်းချင်းချစ်ကြည်ရေးသို့ တိုးမြှင့်ဆောင်ရွက်ပြီး အာရှဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားလိုသော ဆန္ဒဖြင့် ဤသဘောထားကြေညာချက်အား ထုတ်ပြန်လိုက်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ထံမှ သိရသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) သည် မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်အပေါ် အခြေခံဆောင်ရွက်နေသောအသင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တရုတ်တစ်နိုင်ငံတည်း မူကိုလက်ခံခြင်း၊ တရုတ်၏ နိုင်ငံတစ်ခု၊ စနစ်နှစ်ခု ကျင့်သုံးနေမှုအပေါ် သဘောတူခြင်းနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ကျင့်သုံးမှုအပေါ် ကြိုဆိုသော အသင်းဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.