Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ မြန်မာနိုင်ငံသို့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” တိုက်ခတ်မှု ခံခဲ့ရသော မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယွမ် ၁ သိန်း တန်ဖိုးရှိသော သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို မေ ၂၀ ရက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့ လှူဒါန်းသော အထောက်အပံ့ပစ္စည်းများတွင် သောက်သုံးရေ၊ ခေါက်ဆွဲခြောက်နှင့် ဘီစကွတ် စသည်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Jia Junjieက လှူဒါန်းပေးအပ်ပွဲအခမ်းနားသို့ တက်ရောက်ခဲ့ပြီး သံရုံးကိုယ်စား မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နှစ်သိမ့်မေးမြန်းခဲ့သည်။ ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြသခြင်းဖြစ်ကြောင်း ၊ မြန်မာပြည်သူများက အခက်အခဲအကျပ်အတည်းများကို မုချကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်သူများ၏ နေထိုင်မှုဘဝ ဆောလျင်စွာ ပုံမှန်ဖြစ်လာနိုင်ရေး တရုတ်နိုင်ငံအနေဖြင့် တတ်စွမ်းသမျှ ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံရုံးသို့ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံစသည့် ချစ်ကြည်ရင်းနှီးမှုရှိသောနိုင်ငံနှင့်အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကူညီပေးမှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းများတွင်လည်း POWERCHINA ၊ CITIC ၊ PetroChina ၊ VPower ၊ Conch Cement စသည့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက သဘာဝကပ်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသားအကူအညီများ ပေးအပ်လျက်ရှိပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ လမ်းများ၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အဦ ပြန်လည်ပြုပြင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
中国驻缅甸大使馆向缅甸捐赠救灾物资
5月20日,中国驻缅甸大使馆向遭受热带气旋“穆查”袭击的缅甸受灾民众捐赠饮用水、方便面和饼干等救灾物资。
中国驻缅使馆临时代办贾俊杰出席捐赠仪式,代表使馆对缅甸受灾致以慰问,表示此次捐赠体现中缅友好和胞波情谊,相信缅甸人民一定能够战胜困难。中方将继续提供力所能及的支持,帮助缅甸人民早日恢复正常生产生活。缅甸领导人敏昂莱向使馆颁发感谢证书,感谢中国等友好国家和组织对缅救灾援助。
连日来,中电建、中信、中石油、中技、海螺水泥等在缅中资企业积极向受灾民众捐赠物资和现金,并对受灾地区道路、电力、通讯等基础设施修复提供支持。