Connect with us

Social

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာမွမ်းမံသင်တန်း ကို တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် တွင် ဖွင့်လှစ်ပေးမည်


ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

“The 18Th Seminar for China-ASEAN Tourism Personal(Myanmar Top Tourism Management Personnel)Education and Training Base”သင်တန်းအကြို မိတ်ဆက်ပွဲကို ယနေ့(နိုဝင်ဘာ ၁၃ ရက်)တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM)ရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကြီးမှူးပြီး ကွမ်ရှီးတိုင်းရင်းသားဘာသာတက္ကသိုလ်နှင့် ကွေ့လျင်ခရီးသွားကောလိပ်မှ တာဝန်ယူ ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံအတွက် သီးသန့်ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။

သင်တန်းကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၁၁ ရက် ကြာ ကျင်းပ မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းနှင့်ကွေ့လျင်မြို့သို့သွားရောက်၍ စာတွေ့ရော လက်တွေ့ပါ သင်ယူရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချမည့်အကြောင်းအရာများမှာ ခရီးသွား ဧည့်သည် များ ဝယ်ယူသုံးစွဲမှုဆိုင်ရာ စိတ်ပညာ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊ ခရီးသွား လုပ်ငန်း အခြေခံ သီအိုရီ၊ ကဏ္ဍအလိုက်အပြန်အလှန်ဖလှယ်ဆွေးနွေးခြင်းနှင့် တရုတ်နိုင်ငံအထင်ကရ ခရီးသွားနေရာများအား လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ပါဝင်ကြောင်း သိရသည်။

ထိုသို့ သင်တန်းတက်ရောက်စဉ်ကာလအတွင်း သင်တန်းကြေး၊ စားသောက်စရိတ်၊ တည်းခိုစရိတ်၊ ခရီးသွားလာစရိတ်အားလုံးကို တရုတ်နိုင်ငံမှ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“The 18Th Seminar for China-ASEAN Tourism Personal(Myanmar Top Tourism Management Personnel)Education and Training Base” သင်တန်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

“The 18Th Seminar for China-ASEAN Tourism Personal(Myanmar Top Tourism Management Personnel)Education and Training Base” သင်တန်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်း သင်တန်းအား မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းများလုပ်ကိုင်နေသည့် အုပ်ချုပ်မှူဆိုင်ရာ ဒါရိုက်တာ၊မန်နေဂျာနှင့်ဝါရင့်ခရီးသွားဧည့်လမ်းညွှန်များ၊တက်သစ်စ ခရီးသွားဧည့်လမ်းညွှန်များ အပါအဝင် သင်တန်းသား ဦးရေ ၄၀ ဦး ပါဝင်တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် သင်တန်းအကြိုမိတ်ဆက်ပွဲကို မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင် များအသင်း(CECCM)၊ မြန်မာ တရုတ် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းအသင်း(CSTA)၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (MTF)၊ မြန်မာနိုင်ငံ ခရီးသွားလမ်းညွှန်များအသင်း (MTGA)၊ မြန်မာနိုင်ငံ တရုတ်ဘာသာ ခရီးသွားဧည့်လမ်းညွှန်များအသင်း (MCGS)၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (UMTA)တို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.