Connect with us

Social

မြန်မာ နိုင်ငံရှိ တရုတ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများ ရေဘေး ကယ်ဆယ်ရေး ညှိနှိုင်း အစည်းအဝေး ပြုလုပ်

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံးတွင် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများနှင့် ရေဘေး ကယ်ဆယ်ရေး ညှိနှိုင်း ဆွေးနွေးပွဲ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံးတွင် သြဂုတ်လ ၅ ရက်နေ့က မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများအား ဖိတ်ခေါ်၍ မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများအား လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရန် ညှိနှိုင်း အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန်မှ သံရုံး အရာရှိများကို ဦးဆောင်၍ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများအား ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွင် တက်ကြွစွာ ပါဝင် လုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

လုပ်ငန်း ကုမ္ပဏီ များမှ ကိုယ်စားလှယ် များကလည်း တရုတ်သံရုံး၏ အစီအစဉ်များကို စိတ်အားထက်သန်စွာ ပါဝင်လိုကြပြီး မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသရှိ ပြည်သူများကိုလည်း စိတ်ပူမိကြောင်း ပြောကြား ခဲ့ကြသည်။ မြန်မာ နိုင်ငံရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များအသင်း၏ စီမံ ဆောင်ရွက်မှုဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများအား စတင်လုပ်ကိုင် သွားရန် ပြောကြား ခဲ့ကြသည်။ မြန်မာ နိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်မှ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစီအစဉ် အရ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး ချန်းချန် မှ သြဂုတ်လ ၇ ရက်နေ့တွင် တရုတ်သံရုံး ကိုယ်စား မကွေးတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်၍ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်း မည်ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံ လုပ်ငန်း ကုမ္ပဏီများအသင်း မှ ရေဘေး ကူညီရေးအဖွဲ့သည်လည်း ၎င်းခရီးစဉ်တွင် အတူတကွ လိုက်ပါသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)