Connect with us

Social

မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး အတွက် တရုတ်နိုင်ငံမှ ယွမ် ၁၀ သန်း ကူညီထောက်ပံ့မည်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှု များအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအား မြန်မာနိုင်ငံက ရေဘေးသင့်ခံ ပြည်သူများ အတွက် ပေးအပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီး ဌာနမှ ကြာသပတေး နေ့တွင် ပြောကြား လိုက်ပါသည်။

ဇွန်လ ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၏ ဒေသ အတော်များများကို ထိခိုက်ခဲ့ပြီး လူနေအိမ်များ၊ လယ်ယာများ၊ ရထားလမ်းများ၊ တံတားများ နှင့် လမ်းများ ပျက်စီး ခဲ့ရသည်။

စက်လှေ စီးရေ ၁၀၀ အပါအဝင် ကူညီ ထောက်ပံ့ရေး ပစ္စည်းများအား မြန်မာ နိုင်ငံဘက်သို့ ဖြစ်နိုင်သမျှ မြန်မြန်ပို့ရန် ရှိကြောင်း ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ချက်တွင် ပြောပါသည်။မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကလည်း အရှေ့တောင် အာရှနိုင်ငံများရှိ တရုတ် လုပ်ငန်းရှင် များအား ဖိတ်ခေါ်၍ ရေဘေးသင့်သူများ အတွက် ကူညီ ထောက်ပံ့ရေးတွင် ပါဝင်ပေးကြရန် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော ရေဘေး ကယ်ဆယ်ရေး ညှိနှိုင်း အစည်းအဝေးတွင် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံးဝန်ထမ်းများသည် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် စုစုပေါင်း ကျပ်သိန်း ၃,၇၀၀ (အမေရိကန် ဒေါ်လာ ၃ သိန်းကျော်) တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများကို လှူဒါန်း ထားကြောင်း သိရသည်။

ထိုအရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများကို သြဂုတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ အိမ်ထောင်စု ပေါင်း ၁,၅၄၅ ထံ သွားရောက် လှူဒါန်းခဲ့သလို သြဂုတ်လ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့်သူ အိမ်ထောင်စုပေါင်း ၂ သောင်းထံ သို့လည်း သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ သွားရောက် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သြဂုတ်လ ၇ ရက်နေ့တွင် တရုတ်သံရုံး မှ မကွေးတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်၍ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်း ဦးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အစိုးရမဟုတ်သည့် အကြီးဆုံး ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် ရေဘေးသင့် ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ သို့ရောက်ရှိခဲ့ကြ ပါသည်။ (Xinhua)