Connect with us

Social

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း က မြန်မာ နိုင်ငံ တွင် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း လာရောက် ပို့ချ


ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်းဆောင်ရွက် သည့် မြန်မာ နိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် ဆောင်ရွက်ရမည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း အချိန် တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် ရှိ ဗုဒ္ဓဝင်ပြခန်း တန်ဆောင် တွင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

သင်တန်း မစတင်မီ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အလုပ်အမှုဆောင် ဦးစိုးမြင့်ထွန်း ၊ တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နိုင်ငံတကာရေးရာ ဌာန မှ မစ္စတာ ဆုန့်ကုန်းဝင် (Mr.Song Gongwen) နှင့် မြန်မာ နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း ဖွံ့ဖြိုးတိုးတက်ရေး စင်တာ တာဝန်ခံ လျိုဝေ (Liu Wei) တို့က သင်တန်း ကျင်းပ ရခြင်း နှင့် ပတ်သက်၍ အမှာစကားများ အသီးသီး ပြောကြား ခဲ့ကြသည်။

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နိုင်ငံတကာရေးရာ ဌာန မှ မစ္စတာ ဆုန့်ကုန်းဝင် (Mr.Song Gongwen) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း ဖွံ့ဖြိုးတိုးတက်ရေး စင်တာ တာဝန်ခံ လျိုဝေ (Liu Wei) မှ အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အလုပ်အမှုဆောင် ဦးစိုးမြင့်ထွန်း မှ အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် မစ္စတာ ဆုန့်ကုန်းဝင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ သင်ကြား ပို့ချ သည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ သင်ကြား ပို့ချ သည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း မှ သင်ကြား ပို့ချ သည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် မစ္စတာ ဆုန့်ကုန်းဝင် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး အသိပညာ သည် လူတိုင်း သိရှိထားသင့်သော အသိပညာ တစ်ရပ် ဖြစ်ပြီး အရေးပေါ် အခြေအနေများ ကြုံတွေ့ချိန်တွင် အခြားသူ သာမက မိမိ အတွက်ပါ အရေးပေါ် ဆောင်ရွက်ရမည့် အသိပညာ ကို သိရှိစေမည် ဖြစ်ကြောင်း ၊ သင်တန်း ပို့ချစဉ် အတွင်း နေ့စဉ် သွားလာလှုပ်ရှားမှု များ မှ ကြုံတွေ့နိုင်သော အရေးပေါ် အခြေအနေ များနှင့် ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ရမည့် အသိပညာ ကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်း တက်ရောက်ခြင်း မှ တစ်ဆင့် ဘေးဒုက္ခ ဖြစ်ပွားချိန် ကယ်ဆယ်မှု ဆောင်ရွက်ခြင်း အပြင် ကြိုတင်ကာကွယ်မှု ကိုပါဆောင်ရွက်နိုင်ပြီး ဘေးအန္တရာယ် ဖြစ်ပွားမှု ကို လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ၊ ဆက်လက်၍ လည်း မြန်မာ နိုင်ငံ တွင် သဘာဝဘေး ဖြစ်ပွားချိန် အရေးပေါ် ဆောင်ရွက်ရမည့် ကူညီကယ်ဆယ်ရေး အသိပညာ ပို့ချမှု သင်တန်းများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် ပြုလုပ်ခဲ့သည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း သည် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်းဆောင်ရွက်သည့် တတိယ အကြိမ်မြောက် သင်တန်း ဖြစ်ပြီး မြန်မာ နိုင်ငံ ရှိ အဖွဲ့အစည်း အသီးသီး မှ သင်တန်းသား/သူ ပေါင်း ၇၀ ကျော် ကို သင်တန်း ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ Blue Sky ကယ်ဆယ်ရေး အသင်း အနေဖြင့် ချစ်ကြည်ရေး အသင်း နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံ ရှိ အသင်းအဖွဲ့ အသီးသီး မှ သင်တန်းသား ပေါင်း ၂၀၀ ကျော် အား အရေးပေါ် အခြေအနေ ကြုံတွေ့ချိန် တွင် ဆောင်ရွက်ရမည့် အသိပညာ များကို ပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း သည် ၂၀၀၇ ခုနှစ် တွင် စတင်ထူထောင် ခဲ့သည့် အရပ်ဘက် ပရဟိတ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လက်ရှိချိန်တွင် အဖွဲ့ဝင် ပေါင်း ၅ သောင်းကျော် ရှိသည့် နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ Blue Sky ကယ်ဆယ်ရေး အသင်း အနေဖြင့် လတ်တလော နှစ်ပိုင်း အတွင်း မြန်မာ နိုင်ငံ ၌ သဘာဝ ဘေးအန္တရာယ် များ ကြုံတွေ့ချိန်တိုင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ကူညီဆောင်ရွက်ပေး ခဲ့သည့် ကယ်ဆယ်ရေး အသင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.