Connect with us

Social

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ


ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားအား ယနေ့မေ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အသင်းအဖွဲ့များ အနက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် ထူးခြားသည့် အသင်း တစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံ၏ လိုအပ်ချက် ဖြစ်သည့် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ၊ အခါအားလျော်စွာ ဖြစ်ပေါ် နေသည့် အခြေခံ လိုအပ်ချက်များ အတွက် အသင်းမှ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု အတွက် အမြဲတစေ ကြိုးပမ်း အားထုတ် ပေးသည့် အတွက် လွန်စွာ ကျေးဇူး တင်ရှိကြောင်း ၊ ရှေ့ဆက် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုတောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာက မြန်မာ-တရုတ် ချစ်ကြည် ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားအား ဂုဏ်ယူ ဝမ်းမြောက် ကြောင်း ၊ သံရုံး အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည် ရေး အသင်း ဆောင်ရွက်ချက်များအား ထောက်ခံ အားပေး မှုများ ၊ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသကဲ့သို့အနာဂတ်တွင်လည်း သံရုံး အနေဖြင့် အသင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော် ချစ်ကြည်ရေး ပို၍ မြှင့်တင်ရန် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာက အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးမျိုးအောင်က အစီရင်ခံစာ ဖတ်ကြား တင်ပြစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က မြန်မာ နှင့် တရုတ် နိုင်ငံများသည် နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အပြင် ချစ်ကြည် ရင်းနှီးသည့် သမိုင်းကြောင်းများ ၊ အသင်း၏ ထူထောင်ချိန်မှ စတင်၍ ယနေ့ဖြတ်သန်း ဆောင်ရွက်မှုများ ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်များအား အကောင် အထည် ဖော် ဆောင်ရွက်ပေးကြရန် ၊ မြန်မာနိုင်ငံသည် အိမ်နီးနားချင်း နိုင်ငံများနှင့် ချစ်ကြည်ရေးကို ဝိုင်းဝန်း ကူညီ တည်ဆောက် ပေးကြရန် အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် ၇ ရပ်အား ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုရှေ့လုပ်ငန်းစဉ်များမှာ ၂၀၁၁ ခုနှစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ခိုင်မာစွာ ထိန်းသိမ်း စောင့်ရှောက်သွားရန် ၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် သွားရန် ၊ နှစ်နိုင်ငံ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများ တိုးတက်အောင် ဆက်လက် ဆောင်ရွက် သွားရန် တို့ဖြစ်သည်။

ထို့အတူ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်း သွားရန် ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်း သွားရန် နှင့် ပြောင်းလဲ လာသည့် ကမ္ဘာ့အခြေအနေ / မြန်မာ့ အခြေအနေများ နှင့် အညီ နှစ်နိုင်ငံ ချစ်ကြည်ရေးကို လိုက်လျော ညီထွေ ဆောင်ရွက် သွားရန် ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စရပ်များကို အနာဂတ် တိုးတက် ခိုင်မာစွာဖြင့် အစဉ်အလာကောင်းများ ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး အတွက် အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ် လူငယ်များ မွေးထုတ်ရန် ၊ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အထောက်အကူပြု စေမည့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး ၊ သဘာဝဘေး အန္တရာယ် ကျရောက်စဉ် အပြန်အလှန် ကူညီရေး နှင့် လူငယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးမျိုးအောင်က အစီရင်ခံစာ ဖတ်ကြားမှုများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ခွဲများမှ တင်ပြမှုများ ၊ အသင်းငွေစာရင်း ရှင်းတမ်းများအား ရှင်းလင်း ဖတ်ကြား တင်ပြမှုများ အပြင် အသင်း ရန်ပုံငွေ တိုးပွားရေး အတွက် စီးပွားရေး အသင်းအဖွဲ့အစည်းများမှ အလှူငွေ ပေးအပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)သည် မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ရှိ ပြည်သူများ အကြား ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေး နှင့် ပြည်သူ့အကျိုးပြု လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲ (မန္တလေး) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲ(လားရှိုး) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲ (မော်လမြိုင်) ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲ(တောင်ကြီး)များ ထပ်မံ တိုးချဲ့ဖွဲ့စည်း ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)