Connect with us

Social

မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း


ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျင်းပသည့် ကြက်ခြေနီရန်ပုံငွေဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်တိုက်ပွဲရှောင်ပြည်သူများနှင့် လူမှုကရုဏာလုပ်ငန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအား အလှူတော်ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျင်းပသည့် ကြက်ခြေနီရန်ပုံငွေဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား ကို မေလ ၅ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်(စမ်းချောင်းသာကွင်း)၌ ကျင်းပ ပြုလုပ်ခဲ့ရာ ၎င်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အလှူရှင်များပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျင်းပသည့် ကြက်ခြေနီရန်ပုံငွေဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အခက်အခဲများနှင့် ကြုံတွေ့နေရသည့်ပြည်သူများအတွက် ကူညီထောက်ပံ့ အကျိုးပြုနေသည့် လွတ်လပ်သည့်အသင်းအဖွဲ့တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မည်သည့်နေရာ မည်သည့်ဒေသ မည်သည့်အခက်အခဲမျိုးကိုမဆို လူမျိုးဘာသာရန်သူမိတ်ဆွေမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားသည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်နေသည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ဆောင်ရွက်ချက်များကိုလည်း အသိအမှတ်ပြုကြောင်း၊ ယခုဈေးပွဲတော်မှာလည်း စစ်ဘေးရှောင် ပြည်သူများနှင့်လူမှုကရုဏာလုပ်ငန်းများအတွက် အကျိုးပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် အင်မတန်ကောင်းမွန်ကြောင်း၊ ရရှိသည့်ရန်ပုံငွေလှူဒါန်းငွေများဖြင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ အလှူရှင်များမှပေးအပ်လှူဒါန်းသောအလှူငွေများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လက်ခံခဲ့ရာ ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က အလှူတော်ငွေ သိန်းတစ်ရာပေးအပ်လှူဒါန်းခဲ့ပြီးအခြားအလှူရှင်များကလည်း အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.