Connect with us

Social

“တရုတ်စာပေပေါင်းကူးတံတား ” ပြိုင်ပွဲ က နှစ်နိုင်ငံချစ်ကြည်ရေးကိုပါ တိုးမြင့်စေ


ရန်ကုန် ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို ဇွန်လ ၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် ၊တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ တရုတ်စာပေ သင်တန်းကျောင်း မှ ကိုယ်စားလှယ်များ ၊ အကဲခတ် အမှတ်ပေးဒိုင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို တက္ကသိုလ်အဆင့်လက်ရွေးစင် ၆ ဦး ၊ အထက်တန်းကျောင်းအဆင့် လက်ရွေးစင် ၆ ဦး အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ကျောင်းသား/သူတို့က ၎င်းတို့၏ တရုတ်ဘာသာစကား ကျွမ်းကျင်မှုစွမ်းရည်၊ တရုတ်ရိုးရာ အနုပညာစွမ်းရည် တို့ကို ထုတ်ဖော်ပြသခဲ့ကြရာ တက္ကသိုလ်အဆင့် ပြိုင်ပွဲ၏ပထမဆုကို မောင်အောင်ကျော်စိုး(Tao Xinfu) က လည်းကောင်း၊ အထက်တန်းကျောင်းအဆင့်ပြိုင်ပွဲ၏ ပထမဆုကို မောင်ဝင်းမျိုးထက်(Yang Zhenzhen)ကလည်း အသီးသီးဆွတ်ခူးခဲ့သည်။

၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ တက္ကသိုလ်အဆင့် ပထမဆုရ ကျောင်းသား မောင်အောင်ကျော်စိုး(Tao Xinfu)အား ဆုတံဆိပ် ပေးအပ်နေစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ အထက်တန်းအဆင့် ပထမဆုရ ကျောင်းသား မောင်ဝင်းမျိုးထက်(Yang Zhenzhen)အား ဆုတံဆိပ် ပေးအပ်နေစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

ပြိုင်ပွဲအပြီး ပထမဆုရကျောင်းသားနှစ်ဦးအား မေးမြန်းရာတွင် တက္ကသိုလ်အဆင့် ပထမဆုရကျောင်းသား မောင်အောင်ကျော်စိုးက “ယခုလို ပထမဆုရတဲ့အတွက် အရမ်းဝမ်းသာတယ်။ တရုတ်နိုင်ငံကိုသွားပြီး ဆက်လက်ပြိုင်ပွဲဝင်ရမှာမို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်။ တရုတ်စာပေ၊ သမိုင်းတွေကိုလည်း တတ်နိုင်သလောက် ပိုပြီးလေ့လာသွားမယ်။

နောင်အခါမှာ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် တတ်နိုင်သလောက်ပါဝင်ဆောင်ရွက်သွားချင်တယ်”ဟုပြောခဲ့သည်။ အထက်တန်းကျောင်းအဆင့် ပထမဆုရ ကျောင်းသား မောင်ဝင်းမျိုးထက်ကတော့ “နောက်ဆုံးအဆင့်မတိုင်မီ အကြိုပြိုင်ပွဲမှာ ကျွန်တော်က တတိယဆုပဲရတယ်လေ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း ယခုလို ပထမဆုရသွားတော့ အရမ်းဝမ်းသာတယ်။ တရုတ်နိုင်ငံကို သွားရောက်ယှဉ်ပြိုင်ရာမှာလည်း တတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခု ကျွန်တော် တရုတ်နိုင်ငံ ကျုံးဆန်းတက္ကသိုလ်မှာ မြို့ပြတည်ဆောက်ရေးမေဂျာကို မာစတာတက်ဖို့လျှောက်ထားပါတယ်။သင်ယူတတ်မြောက်ပြီးရင် မြန်မာနိုင်ငံကိုပြန်လာပြီး တတ်အားသလောက် အကျိုးပြုချင်တယ်”ဟု ဝမ်းသာအားရပြောပါသည်။

“တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် နိုင်ငံအသီးသီးရှိလူငယ်လူရွယ်ကျောင်းသား/သူများ တရုတ်စာသင်ယူလိုစိတ်ပွားများလာအောင်၊ ကမ္ဘာက တရုတ်ဘာသာစကားနှင့်တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံကွန်ဖြူးရှပ်အင်စတီကျုရုံးချုပ်(Han Ban)မှ ကြီးမှူးကျင်းပသည့် နိုင်ငံတကာ တရုတ်စာပေကျွမ်းကျင်မှုပြိုင်ပွဲဖြစ်သည်။ မြန်မာနိုင်ငံ ရန်ကုန်ဒေသ “တရုတ်စာပေပေါင်းကူးတံတား”ပြိုင်ပွဲကို ၂၀၁၀ ခုနှစ်က စတင်ကာ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ရာ ယခုလိုကျင်းပခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းဖလှယ်ရေးအတွက် ထူးချွန်သည့်လူတော်လူကောင်းများ ပျိုးထောင်ပေးနိုင်သလိုနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်းတိုးမြင့်စေကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117