Connect with us

CPPCC

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခေတ်သစ်တွင် စစ်ဘက်-အရပ်ဘက် အတူတကွပေါင်းစည်းရန် ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခေတ်သစ်တွင် စစ်ဘက်-အရပ်ဘက် နက်ရှိုင်းစွာ အတူတကွပေါင်းစည်းရန် မတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတရှီက စစ်ဘက်-အရပ်ဘက် ဖွံ့ဖြိုးတိုးတက်မှု အတူတကွပေါင်းစည်းရေး မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ အစည်းအဝေးတွင် ရှီက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သည်။

သမ္မတရှီက ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်တွင် စစ်ဘက်-အရပ်ဘက်အတူတကွပေါင်းစည်းရန်၊ ကျယ်ကျယ်ပြန့်ပြန့်ပေါင်းစည်းရန် ၊ မဟာဗျူဟာမြောက်နည်းစနစ်ကျကျ နှင့် စွမ်းဆောင်ရည်များကို တိုးချဲ့မှု တည်ဆောက်သွားရန် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ထည့်သွင်းပြောကြားခဲ့သည်။အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့အခြားaအဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော လီခဲ့ချန် ၊ ကျန်းကောလိ နှင့် ဝမ်ဟုနင်း တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရန်- Link – http://www.xinhuanet.com/english/2018-03/02/c_137011871.htm