Connect with us

CPPCC

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ပထမ အကြိမ် ဒုတိယမြောက် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ပထမ အကြိမ် ဒုတိယမြောက် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၉ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ပထမ အကြိမ် ဒုတိယမြောက် မျက်နှာစုံညီ အစည်းအဝေး အား မတ်လ ၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ ခန်းမကြီး တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တွင် CPPCC ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း မူကြမ်း အား အဓိက ထား ဆွေးနွေး ခဲ့ပြီး တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ ၁၃ ကြိမ်မြောက် CPPCC ပထမ အကြိမ် အစည်းအဝေး ၏ ခေါင်းဆောင်များ အစည်းအဝေး အခမ်းအနားမှူး ဝမ်းရန် (Wang Yang) တက်ရောက် ခဲ့သည်။

အစည်းအဝေး အား လျိုချီပေါင် (Liu Qibao) မှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက် ခဲ့ပြီး တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး ၊ နိုင်ငံတော် ကောင်စီဝင် ကော်စိမ်းခွန်း (Guo Shengkun) နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သက်ဆိုင်ရာ ဌာန အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အစည်းအဝေး သို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အမျိုးသား ကော်မတီ အတွင်းရေးမှူးချုပ် ကျန်းချင့်လီ (Zhang Qingli) ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

အစည်းအဝေး တွင် ဦးစွာ ၁၂ ကြိမ်မြောက် CPPCC အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အမျိုးသား ကော်မတီ အတွင်းရေးမှူးချုပ် ကျန်းချင့်လီ (Zhang Qingli) က CPPCC ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း မူကြမ်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီး ပြင်ဆင်မှု ဆိုင်ရာ အခြေခံ မူဝါဒ နှင့် ပြင်ဆင် ခဲ့သည့် အဓိက အကြောင်းအရာ များကိုလည်း ရှင်းလင်း တင်ပြ ပေးခဲ့သည်။

ထို့နောက်တွင် CPPCC အမျိုးသား ကော်မတီဝင် ၁၃ ဦး တို့မှ ဘက်စုံပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်း နှင့် စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး စသည် တို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှု များ ပြုလုပ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.