Connect with us

NPC

တရုတ်နိုင်ငံက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေး၏ အင်အားအဖြစ် အခိုင်အမာရှိနေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေးနှင့်တွဲလျက်ပြုလုပ်သော တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

ရှုပ်ထွေး၍ မတည်ငြိမ်သော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ရင်ဆိုင်ခဲ့ကြရပြီး တရုတ်နိုင်ငံက ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ရေး၏ အင်အားအဖြစ် အခိုင်အမာရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့အခင်းအကျင်းသည် ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး လူမှုအသိုင်းအဝိုင်းတွင်လည်း စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောခဲ့သည်။
တရုတ်နိုင်ငံသည် သမိုင်း၏ မှန်ကန်သောဘက်ခြမ်းနှင့် လူသားမျိုးနွယ် တိုးတက်ရေးဘက်ခြမ်းတွင် အခိုင်အမာရပ်တည်သွားမည်ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးပြုမှုကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နေလျက်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China to firmly be force for peace, stability, progress: FM
BEIJING, March 7 (Xinhua) — Faced with the complex and volatile international environment, China will firmly be a force for peace, stability and progress in the world, Chinese Foreign Minister Wang Yi said Thursday.
Currently, the world landscape is undergoing profound changes, and human society is facing multiple challenges, Wang said at a press conference on the sidelines of the second session of the 14th National People’s Congress.
China will stand firmly on the right side of history and on the side of human progress, Wang said.
Dedicated to peace, development, cooperation and mutual benefit, China will strive to safeguard world peace and development as it pursues its own development, and it will make greater contributions to world peace and development through its own development, he noted.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends a press conference on China’s foreign policy and foreign relations on the sidelines of the second session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2024. (Xinhua/Cai Yang)