Connect with us

NPC

တရုတ်နိုင်ငံသည် နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးအုပ်ချုပ်ရေးဋ္ဌာန အားဖွဲ့စည်းရန် စီစဉ်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန လက်အောက်တွင် နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး အုပ်ချုပ်ရေးဋ္ဌာန အား ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ဆုံးဖြတ်ချက်ရယူရန် မတ် ၁၃ရက်တွင်တင်သွင်းသော နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ် ပါ စာတမ်းတစ်ခုအရသိရသည်။

အမျိုးသားစုပေါင်းရေးအင်အား တိုးတက်လာမှု နှင့် အတူ တရုတ်နိုင်ငံအတွင်း နေထိုင်ပြီး အလုပ်လုပ်သော နိုင်ငံခြားသားဦးရေ တိုးတက်လာ၍ လူဝင်မှုကြီးကြပ်ရေးအုပ်ချုပ်ရေး၊ ဝန်ဆောင်မှု နှင့် စာရွက်စာတမ်းပိုင်းတွင် လိုအပ်ချက်အသစ်များကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုတင်သွင်းသော အုပ်ချုပ်ရေးဋ္ဌာနသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု၊ နည်းစနစ်များ နှင့် ၎င်းတို့အား ပြီးပြည့်စုံအောင်ဆောင်ရွက်ခြင်း၊ နယ်စပ်ထိန်းချုပ်မှု၊ နိုင်ငံခြားသားနေထိုင်မှုအား စီမံအုပ်ချုပ်မှု၊ ရွှေ့ပြောင်းဒုက္ခသည်များ နှင့် နိုင်ငံသားများအား စီမံခန့်ခွဲမှု၊ တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး နေထိုင်အလုပ်လုပ်နေသော နိုင်ငံခြားသားများအား စီမံခန့်ခွဲရာတွင် ဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်မှု နှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်မှုတို့ကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဋ္ဌာနသည် ပုဂ္ဂလိက အရေးကိစ္စများအတွက် တရုတ်နိုင်ငံသားများ ထွက်ခွာခွင့် နှင့် ဝင်ရောက်ခွင့် ဝန်ဆောင်မှုများ နှင့် အခြားနယ်ပယ်များအနက် လူဝင်မှုကြီးကြပ်ရေး နယ်ပယ် တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အတွက် ဆက်ဆံဆောင်ရွက်မှုများကို လည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.