Connect with us

NPC

တရုတ်နိုင်ငံသည် အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဋ္ဌာန ဖွဲ့စည်းမည်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြင်းထန်ပြီး အဓိကကျသော ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်ရန်အတွက် အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဋ္ဌာန ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လက်ရှိကျင်းပလျက်ရှိသော အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ဆုံးဖြတ်ချက်ရယူရန် မတ် ၁၃ရက်တွင်တင်သွင်းသော နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ် ပါ စာတမ်းတစ်ခုအရသိရသည်။

ဝန်ကြီးဋ္ဌာန သည် သဘာဝဘေးအန္တရာယ် နှင့် အလုပ်ရုံ မတော်တဆမှုများအတွက် ကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း အပါအဝင် အရေးပေါ်စီမံခန့်ခွဲမှု အစီအစဉ်များအား ပြီးမြောက်အောင်ဆောင်ရွက်ခြင်း နှင့် သတင်းအချက်အလက်များ စုစည်းဆောင်ရွက်ခြင်းတို့အတွက် တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြန်လည်ပြင်ဆင်မှု အစီအစဉ်အရ သိရသည်။

ယင်းဋ္ဌာနသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကိုလည်း စစ်ဆေးဆောင်ရွက်ပြီး မီးဘေး၊ ရေဘေး၊ မိုးခေါင်မှု နှင့် ပထဝီဝင်ဆိုင်ရာ ဘေးအန္တရာယ်များကို ထိန်းချုပ်ခြင်း နှင့် တားဆီးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ မြေငလျင်ဦးစီးဋ္ဌာန နှင့် ကျောက်မီးသွေးတွင်းဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတော် အုပ်ချုပ်ရေးဋ္ဌာန တို့ကို အသစ်ဖွဲ့စည်းမည့် အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဋ္ဌာန နှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတော် အုပ်ချုပ်ရေးဋ္ဌာနကိုမူ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.