Connect with us

NPC

တရုတ်နိုင်ငံ၏ယခုနှစ်ဆောင်ရွက်မည့် အကောက်ခွန်ပြုပြင်ပြောင်းလဲမှု ၁၈ ခု က သာမန်ပြည်သူလူထု သန်းတစ်ရာကျော်နှင့် သန်းဆယ်နှင့်ချီသောလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေ

ဝမ်ကျွင်း(Wang Jun)အား မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ် အစိုးရအစီရင်ခံစာတွင် အကောက်ခွန်နှင့်စပ်လျဉ်း၍ (၃၁)ခု ပြောကြားခဲ့ရာ ၎င်းတို့အနက် ယခုနှစ် ဆောင်ရွက်မည့် အခွန်ပြုပြင်ပြောင်းလဲမှုနှင့်အခွန်လျှော့ချရေးလုပ်ငန်းစဉ် ၁၈ ခု ရှိကြောင်း ၊ ၎င်းမှာ သာမန် ပြည်သူလူထု သန်းတစ်ရာကျော်နှင့် သန်းဆယ်နှင့်ချီသောလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ် ကြောင်း တရုတ်နိုင်ငံအခွန်ဦးစီးဌာနချုပ် ညွှန်ကြားရေးမှူး ဝမ်ကျွင်း(Wang Jun)က မတ်လ ၁၃ ရက်နေ့ မဟာပြည်သူ့ခန်းမဆောင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်တွင် တရုတ်နိုင်ငံ၌အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများစတင်လုပ်ဆောင်လာရာ အခွန်လျော့ကျမှုမှာ တရုတ်ယွမ်ငွေ ၂ ထရီလီယံ ကျော် ရှိပြီဖြစ်ကြောင်း၊ အသေးစားလုပ်ငန်းများကို အခွန်လျှော့ချမှုများပြုလုပ်ခြင်း၊ အခြားစရိတ်စက ကောက်ခံခြင်းများပယ်ဖျက်ခဲ့သည်ကို ထည့်သွင်းတွက်ချက်ပါက ဈေးကွက်တွင် ယွမ်ငွေ ၃ ထရီလီယံ လျော့ကျသွားကြောင်း သိရသည်။

၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ ၏ GDP က ၅၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အခွန်ကောက်ယူမှု မှ ရရှိ သည့်ငွေပမာဏသည် ၄၃ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သည်။ သို့သော် တရုတ် နိုင်ငံ ၏ GDP နှင့် အခွန်ကောက် ယူမှုကိုနှိုင်းယှဉ်လျင် ၁.၂ ရာခိုင်နှုန်း လျော့နည်းလာခဲ့သည်။

ကွန်မြူနစ်ပါတီ၊နိုင်ငံတော်ကောင်စီ၏ အခွန်လျှော့ချသည့် လက်ဆောင်မွန်အား ပြည်သူများအကျိုးခံစားနိုင် အောင် ရာနှုန်းပြည့်ကြိုးစားဆောင်ရွက်သွားမည်ဟု ဝမ်ကျွင်း(Wang Jun) က ပြောကြားခဲ့သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.