Connect with us

Europe

ပူတင်နှင့်မက်ခရွန်တို့ ယူကရိန်းအရေး ၊ ဥရောပလုံခြုံရေး အကြောင်းတွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်(ဝဲ) နှင့် ယူကရိန်းနိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်(ယာ) တို့ ရုရှားနိုင်ငံ ကရင်မလင်နန်းတော်၌ ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- Kremlin press release)

မော်စကို ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့် ရုရှားသို့အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်တို့သည် ယူကရိန်းအကျပ်အတည်း နှင့် ဥရောပလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်မလင်နန်းတော်၌ နာရီနှင့်ချီကြာမြင့်ခဲ့သော ဆွေးနွေးပွဲအပြီး မက်ခရွန်နှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ဆွေးနွေးပွဲသည် လက်တွေ့ကျပြီးအသုံးဝင်မှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် နှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) စစ်ရေးမဟာမိတ်တို့က ရုရှားအား ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို မည်သည့်နေရာ မည်သည့်ပုံစံဖြင့် တပ်ချထားရမည်ကို ပညာပေးရန် ကြိုးပမ်းအားထုတ်နေရာ လုံခြုံရေးဆိုင်ရာကိစ္စရပ်၌ ရုရှား၏ အဓိကစိုးရိမ်ပူပန်မှုများကို ၎င်းတို့က မသိကျိုးကျွံပြုထားကြောင်း ပူတင်က ဆိုသည်။

ယူကိရိန်းအရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် ၂၀၁၅ မင့်ခ်သဘောတူညီချက် (2015 Minsk agreements) အား လိုက်နာကျင့်သုံးရန် (ကိဗ်) ယူကရိန်းနိုင်ငံဘက်က ငြင်းပယ်နေသလို ယင်းသဘောတူညီချက်အား ပယ်ဖျက်ရန်ပင် ရည်ရွယ်လုပ်ဆောင်နေကြောင်း ပူတင်က မက်ခရွန်အား ရှင်းပြခဲ့သည်။

နေတိုး၏ အရှေ့ဖက်သို့ တိုးချဲ့လာခြင်းကို ရုရှားက ဆန့်ကျင်ကန့်ကွက်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲအတွင်း မက်ခရွန်က ဥရောပတိုက်အတွက် ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုရှာဖွေရန် အခွင့်အလမ်းတစ်ခုရှိနေသေးသည်ကို သူ့အနေဖြင့်ဖြင့် ယုံကြည်ကြောင်း ၊ တစ်ချိန်တည်းမှာပင် လုံခြုံရေး နှင့် ရှိနှင့်ပြီးသား သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းထားရေးသေချာစေရန် ယန္တရားသစ် လိုအပ်ကြောင်း ဆိုသည်။

ယူကရိန်းအကျပ်အတည်းအတွက် နိုင်ငံရေးအဖြေတစ်ခုရှာဖွေရေး မမှိတ်မသုဉ်လုပ်ဆောင်သွားရန် နှင့် မင့်ခ်သဘောတူညီချက်များကို ယင်း၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်ထားရှိသွားရန် မက်ခရွန်က ဆိုသည်။

ရုရှား နှင့် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကြား ရုရှားက အဆိုပြုသည့် လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့်ပတ်သက်၍ ဘုံသဘောတူညီချက်တစ်ခုရရှိရန် မလွယ်ကူလင့်ကစား ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၈ ရက် (အင်္ဂါနေ့) နေ့တွင် မက်ခရွန်သည် ယူကရိန်းနိုင်ငံကိဗ်မြို့သို့ သွားရောက်လည်ပတ်ပြီးနောက်တွင် အခြေအနေများကို သိနိုင်ရန် ၎င်းနှင့် ပူတင် အကြား ဖုန်းဖြင့် ဆက်သွယ်ဆေးနွေးရန် သဘောတူ ထားကြောင်း သိရသည်။ (Xinhua)

———————————
(English Version)
Putin meets Macron to discuss Ukraine, European Security

MOSCOW, Feb. 7 (Xinhua) — Russian President Vladimir Putin met with visiting French President Emmanuel Macron on Monday to discuss the Ukrainian crisis and the security issue in Europe.
The meeting was businesslike and useful, Putin said at a joint press conference with Macron following their hours-long talks in the Kremlin.
Russia’s core concerns on security were ignored by the United States and the North Atlantic Treaty Organization (NATO), while the military alliance attempts to lecture Russia on where and how to place its armed forces, Putin said.
He told Macron that Kiev refuses to comply with the 2015 Minsk agreements on a peaceful settlement of the Ukrainian issue and even aims to dismantle the deals.
Putin reiterated Russia’s opposition to NATO’s eastwards expansion.
During the briefing, Macron said that he believes there is still an opportunity to find a peaceful path for Europe, where new mechanisms are needed to ensure security and existing pacts should be preserved at the same time.
He said that there is no alternative to a political solution to the Ukrainian crisis and the Minsk agreements remain the basis of it.
As for Moscow-proposed security guarantees between Russia and the U.S.-led NATO, Macron said that negotiations should continue, although it won’t be easy to reach a consensus.
Putin and Macron agreed to talk over phone after the latter’s visit to Kiev on Tuesday.
Photo- Russian President Vladimir Putin (L) meets with French President Emmanuel Macron at the Kremlin in Moscow on Feb. 7, 2022. (Kremlin press release)