Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ အနောက်ပိုင်း ဒေသ တွင် လူပေါင်း အနည်းဆုံး ၅၀ ဦး သေဆုံး ခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်ပွား

ကင်ညာ နိုင်ငံ တွင် ၂၀၁၈ ခုနှစ် ဧပြီလ ၌ ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အနောက်ပိုင်း Kericho ဒေသ တွင် အောက်တိုဘာ ၁၀ ရက် ၌ ခရီးသည်တင် ဘတ်စ်ကား တစ်စင်း မှာ ဆိုးရွား သော ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူ အနည်းဆုံး ၅၀ သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ ပြောကြားချက် အရ သိရှိရသည်။

ကင်ညာ နိုင်ငံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦး က သတင်းမီဒီယာများအား ယာဉ်မတော်တဆမှု မှာ အောက်တိုဘာ ၁၀ ရက် နံနက် ၅ နာရီ အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ လူပေါင်း ၄၂ ဦး က အချင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ၈ ဦး က ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဆေးရုံ ၌ ဒဏ်ရာရရှိသူ ၁၄ ဦး မှ ဆေးဝါး ကုသမှု ခံယူနေကြောင်း ပြောကြား ခဲ့သည်။

အချင်း ဖြစ်ပွား ခဲ့သည့် ဘတ်စ်ကား က ကင်ညာ နိုင်ငံ မြို့တော် မှ နိုင်ငံ အနောက်ပိုင်း ဒေသ သို့ သွားရောက်စဉ် အတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဘတ်စ်ကား မှ ကုန်းဆင်းနေစဉ် အတွင်း ဘေးရှိ အကာအရံတန်း နှင့် တိုက်မိ၍ လိမ့်ဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး အချင်းဖြစ်ပွားရသည့် အကြောင်းရင်း အား စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရှိရသည်။

ကင်ညာ နိုင်ငံ ရှိ လမ်းများ မှာ လွန်စွာ ကျဉ်းမြောင်းခြင်း ၊ ထိန်းသိမ်းမှု အားနည်းခြင်း နှင့် ယာဉ်မောင်း တို့၏ စည်းကမ်းမလိုက်နာခြင်း တို့ကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ကင်ညာ နိုင်ငံ အစိုးရ ၏ ထုတ်ပြန်ချက် အရ နှစ်စဉ် လူပေါင်း ၃,၀၀၀ ခန့် က ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.