Connect with us

Africa & Middle East

ကဘူးလ်မြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုအတွင်း လုံခြုံရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

၂၀၁၈ခုနှစ် နိုဝင်ဘာလ တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ၏ အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီလ ၅ ရက်နေ့ က ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှု တွင် အနည်းဆုံး အာဖဂန် လုံခြုံရေးဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။

ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီ တွင် ခရိုင်ရဲတပ်ဖွဲ့ ၁၆ ၏ အနီးအနားရှိ တပ်မတော်ယာဉ် တစ်စီးသည် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ ပေါက်ကွဲမှုကြောင့် လုံခြုံရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒန်းနစ်ချ်(Najib Danish) ကပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၃ဦး အားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စိုးရိမ်ဖွယ်ရာမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှု အတွက် မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ပြီးခဲ့သည့်လများတွင် အာဖဂန်နစ္စတန်နိုင်ငံ အထူးသဖြင့် ကဘူးလ်မြို့တွင် အိုင်အက်စ်အကြမ်းဖက်အုပ်စု နှင့် တာလီဘန်စစ်သွေးကြွ တို့ ၏ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် ကဘူးလ်မြို့လယ်ရှိ သံတမန်ရပ်ကွက်တစ်ခု အနီးရှိ အစိုးရရုံး နှစ်ခုကို သေနတ်သမား ၅ ဦး ၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၄၇ ဦး သေဆုံးခဲ့ကာ အခြားလူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.