Africa & Middle East
ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားသူအသစ် ၁၁ ဦးရှိကြောင်း ကြေညာ

KINSHASA ၊ မေ ၁၈ ရက် (ဆင်ဟွာ)
ကွန်ဂိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနောက်မြောက်ပိုင်း Bikoro မြို့တွင် အီဘိုလာ (Ebola) ရောဂါဖြစ်ပွားသူအသစ် ၁၁ ဦးနှင့် ယင်းနှင့် ဆက်စပ်၍သေဆုံးသူအသစ် ၁ ဦးရှိသည်ဟု အတည်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အီဘိုလာဖြစ်ပွားကြောင်း သံသယရှိသူ ၁၀ ဦး၊ အီဘိုလာဖြစ်နိုင်ခြေရှိသူ ၂၁ ဦးနှင့် ရောဂါဖြစ်ပွားကြောင်း အတည်ပြုထားသူ ၁၄ ဦး အပါအဝင် စုစုပေါင်း ၄၅ ဦး ယခုအခါတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၇ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သေဆုံးသူအသစ်မှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားနေသည်ဟု မေလ ၈ ရက်က ကြေညာခဲ့သော Equateur ပြည်နယ် Bikoro မြို့တွင် ဖြစ်ကြောင်း သိရသည်။ (Xinhua)