Africa & Middle East
ဂါဇာကမ်းမြှောင်ဒေသ တွင် လစဉ်ကင်ဆာရောဂါဖြစ်ပွားမှု အသစ် ၁၂၀ မှ ၁၃၀ခန့်ရှိကြောင်း တွေ့ရှိ
ဂါဇာ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် လစဉ်လတိုင်း ကင်ဆာရောဂါဖြစ်ပွားမှုအသစ် ၁၂၀ မှ ၁၃၀ ခန့်ရှိကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ဂါဇာကမ်းမြောင်ဒေသ ၏ ကျန်မာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
“ဂါဇာကမ်းမြှောင်ဒေသတွက် ကင်ဆာရောဂါလူနာအရေအတွက် က လွန်ခဲ့တဲ့ ၉ နှစ်နဲ့ယှဉ်ရင် သိသိသာသာတိုးနေတယ်’’ ဟု Rantisi Cancer Center ရှိ ကင်ဆာဦးစီးဌာန၏ခေါင်းဆောင်(ခလဒ်သဘတ်) Khaled Thabet ကသတင်းထောက်များကိုပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ကင်ဆာလူနာအရေစုစုပေါင်းအရေအတွက် အတွက် ၁၈၀၀ ခန့်ရှိသည်ကို တွေ့ရှိခဲ့ကြောင်းThabet ကမှတ်ချက်ပြုသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အမျိုး သမီးများ တွင် ရင်သား ကင်ဆာ၊ အမျိုးသမားများတွင် အူမကြီးကင်ဆာ သည် အများဆုံးအဖြစ်များကြောင်းThabet ၏ပြောကြားချက်အရ သိရသည်။
ဓာတ်ရောင်ခြည်ကုထုံးမှာ အားလုံးအတွက် မရရှိနိုင်သေးကြောင်း ၎င်းကဆိုသည်။ အလွန်လျင်မြန်သောလူဦးရေနှင့်ကွဲပြားသောလူမျိုးအုပ်စုဆိုင်ရာ ပြောင်းလဲမှုများ၊ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်း နှင့် အစ္စရေးစစ်ပွဲများ၏ ဓာတုအကြွင်းကျန်များကဲ့သို့သော သိသာသည့်အကြောင်းပြချက်၃ ခုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကင်ဆာလူနာ အရေအတွက် တိုးပွားရခြင်းဖြစ်ကြောင်း Thabet က ထောက်ပြခဲ့သည်။
သို့သော်လည်း ကင်ဆာလူနာ ၏ ၆၀ရာခိုင်နှုန်းသည် ဂါဇာမှ အစ္စရေး သို့မဟုတ် West Bank ကို ကျန်းမာရေးကုသမှုခံယူရန် အစ္စရေးဘက်မှ ခွင့်ပြုချက်မရရှိခဲ့ကြောင်း ဂါဇာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)