Africa & Middle East
ဆက်ဒမ်ဟူစိန်၏ သမီးအကြီးဆုံးကို အီရတ်အစိုးရ အလိုရှိ

ဒူဘိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့က လူပေါင်း ၆၀ ဦး ပါဝင်သော “အလိုရှိဆုံး ဝရမ်းပြေးစာရင်း” အား ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်လိုက်ရာ ဆက်ဒမ်ဟူစိန်၏ သမီးအကြီးဆုံး Raghad လည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ လူ ၆၀ သည် အိုင်အက်စ်၊ အယ်လ်ကိုင်ဒါး (Al-Qaeda) သို့မဟုတ် အယ်လ်ဘတ်ပါတီ (Al-Baath Party) အဖွဲ့ဝင်များဟု သံသယရှိထားသူများဖြစ်သည်။
ဆော်ဒီပိုင် Al Arabiya TV Channel အရ Raghad သည် တယ်လီဖုန်း အင်တာဗျူးတစ်ခု၌ ၎င်းအား စွပ်စွဲထားသူများအား ဥပဒေကြောင်းအရ ပြန်လည်တရားစွဲသွားမည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
Raghad သည် ၂၀၀၃ ခုနှစ် ဇူလိုင်လက ၎င်း၏ ညီမ Rana နှင့် ၎င်းတို့၏ ကလေးများနှင့်အတူ ဂျော်ဒန်သို့ ထွက်ပြေးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အီရတ်အစိုးရသစ်က ၎င်းအား အကြမ်းဖက်မှု ထောက်ခံအားပေးမှုဖြင့် တရားစွဲသည့် စာရင်းတွင် ထည့်သွင်းခဲ့သည်။
သို့သော်လည်း Raghad အား လွှဲပြောင်းပေးအပ်ရန် အီရတ်အစိုးရ၏ တောင်းဆိုချက်အား ဂျော်ဒန် အစိုးရက ပယ်ချခဲ့ကြောင်း သိရသည်။ (Xinhua)