Africa & Middle East
ဆိုမာလီယာ ဒေသတွင်း အစိုးရ တို့မှ ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ် ချုပ်ဆို
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)
ဆိုမာလီယာ Galmudug ဒေသ အစိုးရ နှင့် Puntland ဒေသ အစိုးရ တို့သည် ဇန်နဝါရီ ၂ ရက်နေ့တွင် ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး တွင် ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်ကိုချုပ်ဆို ခဲ့ကြပြီး နှစ်ဘက် တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းနိုင်ခဲ့ကြသည်။
ထိုနေ့တွင် ဒေသတွင်း အစိုးရ နှစ်ဘက် မှ သက်ဆိုင်ရာ အရာရှိများ သမ္မတ ရုံးတွင် ကျင်းပသည့် လက်မှတ်ထိုးပွဲကို တက်ရောက် ခဲ့သည့် အပြင် ဆိုမာလီယာ သမ္မတ Hassan Sheikh Mohamud ၊ ဝန်ကြီးချုပ် Abdirashid Ali Shermarke နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဆိုမာလီယာရေးရာ အထူး ကိုယ်စားလှယ် ၊ ဆိုမာလီယာ ဆိုင်ရာ ကုလသမဂ္ဂ ထောက်ပံ့ရေး အဖွဲ့ခေါင်းဆောင် Keating တို့တက်ရောက် ခဲ့ကြသည်။
ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုး ခဲ့သည့် နှစ်ဘက် အနေဖြင့် ရန်ပြုသည့် လုပ်ရှားမှုများ ရပ်ဆိုင်းရန် လက်ခံခဲ့ကြပြီး အချက် ၃ ချက်ကို သဘောတူညီ ခဲ့ကြသည်။ သဘောတူညီချက်များတွင် နှစ်ဘက် လက်နက်အင်အားများအနေဖြင့် အငြင်းပွားနေသည့် Galkayo မြို့မှ ထွက်ခွာကြရန် ၊ ယင်းမြို့တွင် ပြုလုပ်ထားသည့် လမ်းအတားအဆီးများကို ဖယ်ရှားရှင်းလင်းရန် ၊ လူနှင့် ကုန်စည်များ လွတ်လပ်စွာ သွားလာပို့ဆောင်ရန် ၊ နှစ်ဘက်မှ ပူးပေါင်းကာ ရဲတပ်ဖွဲ့အား လေ့ကျင့်ပေးပြီး ဒေသတွင်း လုံခြုံရေး ထိန်းသိမ်းရန် တို့ဖြစ်ကြသည်။ နှစ်ဘက် အနေဖြင့် ယခုလကုန်ပိုင်း အနီးတွင် Galkayo တွင် တွေ့ဆုံ ကြမည်ဖြစ်ပြီး သဘောတူညီမှု ကို အကောင်အထည် ဖော်မည် ဖြစ်သည်။
Keating မှလည်း ထိုနေ့တွင် ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ် သည် ရေရှည်ငြိမ်းချမ်းရေး ဆောင်ရွက်ရန် အတွက် အရေးပါသည့် ခြေလှမ်း တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆိုမာလီယာ Galmudug ဒေသ အစိုးရ နှင့် Puntland ဒေသ အစိုးရ တို့သည် ကာလရှည်ကြာစွာ သဘောထား တင်းမာမှုများရှိခဲ့ကြပြီး နှစ်ဦးနှစ်ဘက် အနေဖြင့် ဆိုမာလီယာ နိုင်ငံ အလယ်ပိုင်း Galkayo မြို့ကို အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာရပ်တည်ခဲ့ကြသည်။ လက်ရှိချိန်တွင် Galkayo မြို့ အား အပိုင်းနှစ်ပိုင်းခွဲကာ တောင် နှင့် မြောက် အပိုင်း နှစ်ပိုင်း အား Galmudug ဒေသ အစိုးရ နှင့် Puntland ဒေသ အစိုးရ တို့မှ အသီးသီး အုပ်ချုပ်နေကြသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ တွင် နှစ်ဘက် စစ်အင်အား တို့မှ Galkayo မြို့ တွင် တိုက်ပွဲများဖြစ်ပွား ခဲ့ကြပြီး နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။(Xinhua)