Connect with us

Africa & Middle East

အစ္စရေး ဝန်ကြီးချုပ် အား အဂတိ လိုက်စားမှု ရှိကြောင်း သံသယ ရှိသောကြောင့် စစ်ဆေးမေးမြန်းခံရ

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ရှေ့နေချုပ် Avichai Mandelblit သည် ဇန်နဝါရီလ ည သန်းခေါင်ချိန်တွင် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Netanyahu အား ကုန်သည်များ ထံမှ တရားမဝင် ငွေကြေး ရယူမှုများရှိသည် ဟု သံသယ ရှိကာ မေးမြန်းစစ်ဆေး ခဲ့ကြောင်း ထုတ်ပြန် ပြောကြား ခဲ့သည်။

Mandelblit ၏ ထုတ်ပြန်ချက် တွင် Netanyahu အနေဖြင့် ကုန်သည်များထံမှ တရားမဝင် အကျိုးအမြတ် ရယူ ခဲ့သည်ဟု သံသယ ရှိသဖြင့် စစ်ဆေးမေးမြန်းခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ မှ Netanyahu အား ကနဦး စုံစမ်းမှုများပြုလုပ်ရာတွင် စစ်ဆေးမေးမြန်းရန် အတွက် သက်သေ အပြည့်အဝ ရရှိခဲ့ကြောင်း ၊ စစ်ဆေးမှု ရလဒ် များကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Mandelblit က မိမိ အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လပိုင်းတွင် Netanyahu ကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး လပေါင်းအနည်းငယ် စုံစမ်းပြီးနောက်တွင် ရဲတပ်ဖွဲ့အနေဖြင့် ဒီဇင်ဘာလ ပိုင်းတွင် Netanyahu အား ပြစ်မှုဆိုင်ရာ ဘက်စုံ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် သက်သေအထောက်အထားများ ရရှိခဲ့ကြောင်း ၊ ထို့ကြောင့် မိမိ အနေဖြင့် ရဲတပ်ဖွဲ့အား စစ်ဆေးမေးမြန်းရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့၏ ဇန်နဝါရီ ည သန်ခေါင်ချိန် တွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ရဲတပ်ဖွဲ့သည် စစ်ဆေးမေးမြန်းမှုကို ဂျေရုဆလမ် မြို့ရှိ ဝန်ကြီးချုပ် အိမ်တော်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အချိန် ၃ နာရီကျော် စစ်ဆေးမေးမြန်း ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

Netanyahu ၏ အလုပ်ရုံး မှလည်း ထိုနေ့တွင် မိမိ အပေါ် သံသယ ရှိခြင်းသည် မည်သည့် သက်သေမျှ မရှိဘဲ စွပ်စွဲခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး မိမိ အနေဖြင့် မည်သည့် မဟုတ်မမှန်သည့် ကိစ္စကို မှ ဆောင်ရွက်ထားခြင်း မရှိသောကြောင့် စုံစမ်းမေးမြန်းမှုသည် မည်သည့် ရလဒ် ကိုမှ ရရှိမည် မဟုတ်ကြောင်း ထုပ်ပြန် ခဲ့သည်။

အစ္စရေး သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ Netanyahu နှင့် ၎င်း၏ မိသားစု ဝင်များသည် ကုန်သည် နှစ်ဦးထံမှ လာဘ်ယူ ခဲ့သည်ဟု သံသယ ရှိခဲ့ပြီး လာဘ်ယူမှု တွင် ငွေကြေး ၊ လက်ဆောင်များ နှင့် ပုဂ္ဂလိက ခရီးသွား လက်မှတ် များပါဝင် ခဲ့ကြောင်း ၊ ကုန်သည် နှစ်ဦးအနက် တစ်ဦးမှာ အမေရိကန် နိုင်ငံ ရှိ ဂျူးလူမျိုး ဘီလီယံနာ ၊ Estee Lauder ကုမ္ပဏီ တည်ထောင်သူ ၊ ကမ္ဘာ့ဂျူးလူမျိုး အဖွဲ့အစည်း ဥက္ကဋ္ဌ Ronald Lauder ဖြစ်ပြီး ၎င်းသည် အစ္စရေး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခံယူ ခဲ့ပြီးကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.