Connect with us

Africa & Middle East

အစ္စတန်ဘူလ် အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ကုလ အကြီးအကဲ ဝမ်းနည်းကြောင်း ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ် အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ နိုက်ကလပ် တစ်ခု စက်ဆုပ်ဖွယ်ကောင်းသော အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ကြေကွဲ ဝမ်းနည်းကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီလ ၁ ရက်က ပြောကြားလိုက်သည်။

အထွေထွေ အတွင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ သေဆုံးသူများ၏ မိသားစုများအတွက်လည်း အလွန် ကြေကွဲဝမ်းနည်းမိကြောင်း ထည့်သွင်း ပြောကြားထားသည်။

ထို့ပြင် အကြမ်းဖက်ရန် စီစဉ်သူများနှင့် ကျူးလွန်သူများအား ပြစ်မှု ဥပဒေအရ သက်သေနှင့်တကွ ဖော်ထုတ်ရန်နှင့် ဥပဒေအရ အလျင်အမြန် အရေးယူနိုင်ရေးအတွက် ဂူတာရက်စ်က မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလ ၁ ရက် နံနက် အစောပိုင်းက Reina နိုက်ကလပ်တွင် နှစ်သစ် အခမ်းအနားပွဲများ ကျင်းပရန် အတွက် လူအများ စုဝေးနေစဉ် သေနတ်သမား တစ်ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၉ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.