Connect with us

Africa & Middle East

ဆီးရီးယားဒုက္ခသည်များကို ဂျော်ဒန်က ထပ်ပြီးလက်ခံတော့မည်မဟုတ်ဟု ဆို

နယ်စပ်တစ်လျှောက်ရှိ ဆီးရီးယားဒုက္ခသည်များကို တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အာမန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

ဂျော်ဒန်တွင် လုံလောက်သည့်ကူညီလက်ခံနိုင်စွမ်းမရှိတော့သောကြောင့် ဆီးရီးယားဒုက္ခသည်များကို ထပ်ပြီးလက်ခံတော့မည်မဟုတ်ကြောင်း ဂျော်ဒန်ဝန်ကြီးချုပ် Omar Razzaz က အောက်လွှတ်တော် ဥက္ကဋ္ဌ Atef Tarawnehနှင့်တွေ့ဆုံပြီးနောက် ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဂျော်ဒန်ဝန်ကြီးချုပ် Omar Razzazက ဆီးရီးယားပြည်သူများ၏ဒုက္ခကို စာနာကြောင်း ၊ ဆီးရီးယားရှိ ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရန်မျှော်လင့်ကြောင်း၊ ဂျော်ဒန်အနေဖြင့် လက်ရှိလက်ခံထားသည့် ဆီးရီးယားဒုက္ခသည်များကြောင့် အခက်အခဲဖြစ်နေကြောင်း ၊ ဂျော်ဒန်၏ လက်ခံကူညီနိုင်စွမ်းကို ကျော်လွန်သွားသောကြောင့် ထပ်ပြီးလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း၌ တိုက်ပွဲပြင်းထန်သောကြောင့် အရပ်သားပြည်သူ ၄၅၀၀၀ ခန့်က ဆီးရီးယား-ဂျော်ဒန်နယ်စပ်သို့ သွားနေကြသည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများ၏ သတင်းအရသိရသည်။ ဝန်ကြီးချုပ် Omar Razzaz က ဂျော်ဒန်စစ်တပ်သည် နယ်စပ်တစ်လျှောက် ကာကွယ်ရေးတွေ တင်းကြပ်စွာလုပ်ဆောင်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိ ဂျော်ဒန်တွင် လက်ခံထားသော ဆီရီးယားဒုက္ခသည် ၁၃ သိန်းရှိရာ လူမှုစီးပွားအခြေအနေအရ ဂျော်ဒန်အတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း ဂျော်ဒန်အစိုးရ၏ ထုတ်ပြန်ကြေညာချက် များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.