Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုရှိ သူပုန် ထိန်းချုပ်နယ်မြေမှ အကြီးဆုံး ဆေးရုံ လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီး

ဒဏ်ရာရ လူနာအား ထမ်းစင်ဖြင့် သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေရှိ အကြီးဆုံး ဆေးရုံသည် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် လုံးဝ ပျက်စီးသွားခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုက အစီရင်ခံ တင်ပြခဲ့သည်။

တိုက်လေယာဉ်များက ဆေးရုံကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ဆေးရုံဝန်ထမ်း သုံးဦး သေဆုံးခဲ့ပြီး အခြား ပျက်စီးစာရင်း အသေးစိတ်နှင့် မည်သည့် စစ်လေယာဉ်ဖြစ်ကြောင်းကိုမူ မသိရသေးပေ။

လွန်ခဲ့သည့် နှစ်ရက်အကြာကလည်း ယင်းဆေးရုံ လေကြောင်း တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း လေ့လာသူ အဖွဲ့ထံက သိရသည်။

ဆီးရီးယား ငြိမ်းချမ်းရေး သဘောတူညီမှု ပျက်စီးသွားပြီးနောက် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အလက်ပိုမြို့ အခြေအနေမှာ ဆိုးဝါးလာခဲ့သည်။

အလက်ပိုသည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး ပြည်နယ် ဖြစ်ပြီး တစ်ချိန်က စီးပွားရေး အချက်အခြာကျခဲ့သည့် နေရာလည်း ဖြစ်သည်။ တူရကီနယ်စပ် အနီးတွင် တည်ရှိသည့် ၎င်း၏ နယ်မြေ အနေအထားကြောင့် စစ်ပြိုင်အုပ်စုများအကြား မဟာဗျူဟာကျ အရေးပါသည့် နယ်မြေ တစ်ခုလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.