Connect with us

Africa & Middle East

ဆီးရီးယားရှိ မင်္ဂလာဆောင် တစ်ခုတွင် အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၃၀ဦးသေ

ဆီးရီးယားရှိ မင်္ဂလာဆောင် တစ်ခုတွင် အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဝမ်းနည်းပူဆွေးနေသူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ် တွင် ကာ့ဒ်လူမျိုးတို့၏ မင်္ဂလာဆောင်တစ်ခုကို ပစ်မှတ်ထားကာ အောက်တိုဘာ ၃ရက်က အသေခံဗုံးခွဲမှုတစ်ခုပြုလုပ်ခဲ့၍ လူ ၃၀ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၉၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းက အသေးစိတ်အချက်အလက်များ ထပ်မံထုတ်ပြန်ခြင်း မရှိသော်လည်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ကာ့ဒ်တပ်ဖွဲ့၏ လုံခြုံရေးဂိတ်နှစ်ခုကြား၊ Qamishli မြို့ နှင့် Hasakah မြို့ ကြား လမ်းမပေါ်ရှိ မြေနေရာတွင် မင်္ဂလာပွဲကျင်းပနေသည့် မင်္ဂလာဆောင်ခန်းမအတွင်းသို့ အသေခံဗုံးခွဲသမား ဝင်ရောက်လာပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က မင်္ဂလာအခမ်းအနား ဆောင်ရွက်နေစဉ် အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ဒဏ်ရာပြင်းထန်စွာရရှိသူ များပြားသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် မည်သည့် အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ခြင်းမရှိသော်လည်း ကာ့ဒ်တပ်ဖွဲ့ နှင့် ဆီးရီးယား အစိုးရ တပ်ဖွဲ့များထိန်းချုပ်ထားသည့် Hasakah ပြည်နယ်ရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများအား ပစ်မှတ်ထား၍ မကြာခဏ အသေခံဗုံးခွဲမှုများ ပြုလုပ်လေ့ရှိသည့် IS စစ်သွေးကြွအုပ်စု ၏ လက်ချက်ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.