Connect with us

Africa & Middle East

ဆီးရီးယားရှိ စစ်ပွဲများတွင် အာဖဂန်ကလေးများကို အသုံးပြုခြင်းမရှိဟု အီရန်ငြင်းဆို

အီရန်နိုင်ငံရှိ အာဖဂန်ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယား ပဋိပက္ခများအတွင်း အာဖဂန်ကလေးငယ်များကို အသုံးပြုနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံရှိ အီရန်သံရုံးက ငြင်းဆိုခဲ့ကြောင်း တီဟီရန်တိုင်းမ် နေ့စဉ် သတင်းစာက အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။

သံရုံး၏ထုတ်ပြန်ချက်၌ အီရန်နိုင်ငံသည် ဆီးရီးယားတွင် တိုက်ပွဲဝင်ရန် အာဖဂန်ကလေးငယ်များကို စုဆောင်းနေခြင်းမရှိကြောင်း၊ အီရန်နိုင်ငံသည် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်ဒုက္ခသည်အများဆုံးကို လက်ခံပေးထားသည့် နိုင်ငံဖြစ်ပြီး အာဖဂန်များ၏ အခွင့်အရေးကို ထောက်ပံ့ပေးရာတွင် တွန်းအားပေးမှုများမရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် တိုက်ပွဲဝင်ရန်အတွက် အီရန်နိုင်ငံတွင်နေထိုင်သော အာဖဂန်ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်များကို လိုက်လံစုဆောင်းလျက်ရှိကြောင်း အောက်တိုဘာ ၁ရက်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ အယ်အာဆက်အစိုး၏ စစ်သွေးကြွဆန့်ကျင်တိုက်ခိုက်မှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် ကြီးမားသော ဒေသတွင်းမဟာမိတ်တစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.