Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ သမ္မတ က အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုင်ငံ တွင်း နယ်မြေအားလုံး ကို သိမ်းပိုက်မည် ဖြစ်သောကြောင့် အမေရိကန် တပ်ဖွဲ့ မှ ထွက်ခွာသင့်ကြောင်း ပြောကြား

ဆီးရီးယား နိုင်ငံ သမ္မတ Bashar al-Assad အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမက်စကက်စ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ သမ္မတ က Bashar al-Assad က အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုင်ငံ တွင်း နယ်မြေအားလုံး ကို သိမ်းပိုက်မည် ဖြစ်သောကြောင့် အမေရိကန် တပ်ဖွဲ့ အနေဖြင့် အီရတ် တိုက်ပွဲအား သင်ခန်းစာ ယူကာ ဆီးရီးယား နိုင်ငံ အတွင်း မှ ထွက်ခွာပေးသင့်ကြောင့် မီဒီယာ နှင့် တွေ့ဆုံမှု တစ်ခု တွင် ပြောကြား ခဲ့သည်။

Bashar al-Assad က ရုရှား နိုင်ငံပိုင် ရုပ်သံဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားရာတွင် ဆီးရီးယား နိုင်ငံ အစိုးရ အနေဖြင့် နိုင်ငံ အတွင်းရှိ မည်သည့် ဒေသ ကိုမှ အစိုးရ မထိန်းချုပ် နိုင်သည့် ဒေသ အဖြစ် ချန်ထားမည် မဟုတ်ကြောင်း ၊ အစိုးရ တပ်ဖွဲ့ အနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်း များထံ မှ နယ်မြေများ အားလုံး ပြန်လည် သိမ်းပိုက်ရန် ဆုံးဖြတ်ချက် ချမှတ် ထားကြောင်း ၊ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆွေးနွေးမှု ဆောင်ရွက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း သည် အကောင်းဆုံး နည်းလမ်း ဖြစ်သော်လည်း အစွန်းရောက် သည့် အဖွဲ့အစည်းများ အတွက်မူ တိုက်ခိုက်မှု သည် တစ်ခုတည်းသော ရွေးချယ်ရသည့် နည်းလမ်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Bashar al-Assad က ပြည်ပ နိုင်ငံ များ၏ ဝင်ရောက်စွက်ဖက်မှု မရှိခဲ့လျှင် ဆီးရီးယား အရေး ဖြေရှင်းရန် အတွက် အချိန်မှာ ၁ နှစ်ထက် မပိုနိုင်ကြောင်း ၊ သို့သော် ဆီးရီးယား အစိုးရ တပ်ဖွဲ့ က တိုးတက်မှု ရရှိချိန်တိုင်းတွင် အမေရိကန် နိုင်ငံ ဦးဆောင်သည့် အနောက် နိုင်ငံများ က အကြမ်းဖက် အဖွဲ့အစည်း များ အပေါ် ထောက်ပံ့မှုများကို တိုးမြှင့်ဆောင်ရွက်ပေးသည့် အတွက် တိုက်ပွဲများ ပိုမို ပြင်းထန် စေခဲ့ကြောင်း ၊ ဆီးရီးယား နိုင်ငံ တွင် ဓာတု လက်နက် လုံးဝ မရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ ဓာတုလက်နက် အသုံးပြုသည် ဟူသော ပုံပြင်များကို မယုံကြည်ကြတော့သော်လည်း အနောက်နိုင်ငံ များအနေဖြင့် စွပ်စွဲမှု ကို ရပ်တန့်မည် မဟုတ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ ၏ အကူအညီ အောက်တွင် လေကြောင်း ကာကွယ်မှု စွမ်းရည် ကို မြှင့်တင် နိုင်ခဲ့ပြီး အစ္စရေး စသည့် နိုင်ငံ များ၏ လေကြောင်း တိုက်ခိုက်မှု ရင်ဆိုင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.