Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ အတ်ဘရာမြို့တွင် ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေကြေညာ

ဆူဒန်နိုင်ငံတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခါတွန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ နာအယ်လ်-နီလ်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော အတ်ဘရာမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်က အရေးပေါ်အခြေအနေကြေညာလိုက်ပြီး ညဘက်အပြင်မထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း Ashorooq net က သတင်းဖော်ပြထားသည်။

“နာအယ်လ်-နီလ်ပြည်နယ် လုံခြုံရေးကော်မတီက အစည်းအဝေးပြုလုပ်ပြီးနောက် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်းနှင့် နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ ညမထွက်ရအမိန့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကြေညာထားပါတယ်” ဟု နာအယ်လ်-နီလ်ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင် မူခ်တာ (Ibrahim Mukhtar) က ပြောကြားခဲ့သည်။

အဆိုပါ အရေးပေါ်အခြေအနေကြေညာချက်တွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့များနှင့် လုပ်ငန်းများကိုမူ ခြွင်းချက်အဖြစ်ထားရှိမည်ဖြစ်ကြောင်းနှင့် အတ်ဘရာမြို့ရှိ အခြေခံနှင့် ဒုတိတန်းစာသင်ကျောင်းများအားလုံး ဆိုင်းငံ့ထားရန်ပါရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.