Connect with us

Africa & Middle East

ဆော်ဒီခရီးသည်တင်လေယာဉ်တစ်စီး နည်းပညာချို့ယွင်းချက်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

အရေးပေါ်ဆင်းသက်ခဲ့ရသည့် ဆော်ဒီအာရေဗျ လေကြောင်းလိုင်းမှ SV3818 လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ လေကြောင်းလိုင်းမှ SV3818 လေယာဉ် သည် ဆော်ဒီနိုင်ငံ မက်ဒီနာမြို့ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ သို့ ပျံသန်းနေစဉ် ဆင်းသက်ဂီယာ ပုံမှန်အလုပ်မလုပ်တော့သည့်နောက် ဂျက်ဒါ့မြို့ ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အွန်လိုင်း Arab News က မေ ၂၁ ရက်တွင်ဖော်ပြခဲ့သည်။

Airbus A330-200 လေယာဉ်သည် ဂျက်ဒါ့မြို့ ရှိ အဗ္ဗဒူလာဇစ်ဘုရင် လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်သည် ဒေသစံတော်ချိန် ည ၁၀နာရီအထိ မြေပြင်ပေါ်သို့ ဆင်းသက်ခွင့်မရခင် ဂျက်ဒါ့မြို့ ပေါ်၌ လှည့်ပတ်ကာ နာရီပေါင်းများစွာ ပျံသန်းနေခဲ့ရကြောင်း သိရသည်။

လေယာဉ်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း ခရီးသည်များအား အရေးပေါ်လျှောလှေကားများဖြင့် ကယ်ထုတ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.