Connect with us

Africa & Middle East

ဇင်ဘာဘွေ နိုင်ငံ ရှိ ရွှေတွင်း တစ်ခု ပြိုကျမှု ဖြစ်ပွား ခဲ့ပြီး လူ ၈ ဦး သေဆုံး

ဇင်ဘာဘွေ နိုင်ငံ အတွင်း ရှိ မြစ်ချောင်း တစ်ခု အတွင်း ရွှေတူးဖော်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ ရဲတပ်ဖွဲ့ က မေလ ၂၉ ရက်တွင် ဇင်ဘာဘွေ နိုင်ငံ အတွင်းရှိ ရွှေတွင်းတစ်ခု ပြိုကျမှု ဖြစ်ပွား ခဲ့ပြီး ရွှေတွင်းအတွင်း၌ လုပ်ငန်းဆောင်ရွက်နေသော တရားမဝင် ရွှေတူးဖော်ရေး သမား ၈ ဦး သေဆုံး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ သတင်းမီဒီယာများ က ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ဖြင့် ရေးသားဖော်ပြခဲ့သည့် သတင်းတွင် အခင်းဖြစ်ပွားချိန်သည် မေလ ၂၂ ရက်နေ့ ညနက်ပိုင်းအချိန်တွင် ဖြစ်ပြီး အခင်းဖြစ်ပွားစဉ်တွင် ရွှေတူးဖော်သူ ၉ ဦးမှာ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်နေပြီး တစ်ဦးမှာ အခင်းဖြစ်ပွား ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ၊ အခင်းဖြစ်ပွား ခဲ့သည့် ရွှေတွင်းသည် သက်ဆိုင်ရာ အစိုးရ ဌာန မှ ခွင့်ပြုချက် မရရှိဘဲ ဆောင်ရွက်ခဲ့သောကြောင့် တရားမဝင် ရွှေတူးဖော်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် ရွှေတူးဖော်ခြင်းအား ဇင်ဘာဘွေ နိုင်ငံ တွင် ပြုလုပ်လေ့ရှိကြပြီး လူအများအပြား သည် အသက်အန္တရာယ် ကြားတွင် လုံခြုံရေး ဆောင်ရွက်မှု မရှိဘဲ တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသောကြောင့် ရွှေတွင်းပြိုကျကာ ရွှေတူးဖော်ရေးသမားများ သေဆုံးမှု မကြာခဏ ဖြစ်ပွား လေ့ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.