Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသော သင်္ဘော လစ်ဗျား ပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွား ၊ လူ ၄၀ ခန့် ပျောက်ဆုံးလျက်ရှိ

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအား ကူညီကယ်ဆယ်မှုများပြုလုပ်နေသည့် လှေတစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

ထရီပိုလီ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တင်ဆောင်လာသော သင်္ဘောတစ်စီးသည် သြဂုတ် ၂၇ ရက်က လစ်ဗျားနိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၅ ဦးရှိပြီး လူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း လစ်ဗျားအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပွားခံသော ထိုသင်္ဘောနစ်မြုပ်မှု၌ လူ ၆၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီးဖြစ်သော်လည်း၊ ပျောက်ဆုံးနေသူ ၄၀ ခန့် ရှိနေသေးကြောင်း လစ်ဗျား အခြေစိုက် UNHCR၏ ဖော်ပြချက်များအရ သိရသည်။

လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က အချင်းဖြစ်နေရာတွင် သေဆုံးသူ ရုပ်အလောင်း ၅ ခုကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ ဖြုတ်ချခံခဲ့ရပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိရာ ကမ်းရိုးတန်းတစ်လျှောက်နှင့်နယ်စပ်ဒေသတစ်လျှောက်တွင် ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုမရှိဖြစ်နေသည်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများက လစ်ဗျားနိုင်ငံကို ဆုံမှတ်တစ်ခုအနေဖြင့် ယင်းနိုင်ငံမှတစ်ဆင့် မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပနိုင်ငံများသို့ သွားရောက်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.