Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆီးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော အာဆတ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆီးရီးယားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော ဘာရှာ အယ်လ်-အာဆတ် (Bashar al-Assad) ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် မေ ၃၁ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ရှီက တရုတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံတို့သည် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုရှိကြောင်းနှင့် ဆီးရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သော ပထမဆုံး အာရပ်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြခဲ့သည်။


ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ ဆေးရုံတစ်ရုံတွင် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးပစ္စည်းများအား ဝန်ထမ်းတစ်ဦးက စီမံခန့်ခွဲနေစဉ် (ဆင်ဟွာ)

သမ္မတ ရှီအနေဖြင့် တရုတ်-ဆီးရီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို သိရှိကြောင်း၊ ယခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ် နှစ်ပတ်လည်အခါသမယအား တရုတ်-ဆီးရီးယား ဆက်ဆံရေးတွင် ကြီးမားသော အောင်မြင်မှုများအတွက် ကြိုးပမ်းရန် အခွင့်အလမ်းအဖြစ် အာဆတ်နှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် ပိုက်နက်တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းရာတွင် အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ရေးတို့အပြင် တရုတ်-ဆီးရီးယား ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်ကို စဉ်ဆက်မပြတ် မြှင့်တင်ရေးများ၌ ဆီးရီးယားအတွက် တတ်စွမ်းသရွေ့ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
——————————————————
(English Version)

Xi congratulates Assad on re-election as Syrian president

BEIJING, June 1 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory message to Bashar al-Assad over the latter’s re-election as president of Syria.

In his message, Xi pointed out that China and Syria enjoy a traditional friendship, and Syria is one of the first Arab countries to establish diplomatic ties with the People’s Republic of China.

He said he attaches great importance to the development of China-Syria relations, and stands ready to work with Assad to take the 65th anniversary of bilateral diplomatic ties this year as an opportunity to strive for greater achievements in China-Syria relations.

China, he added, firmly supports Syria in safeguarding its national sovereignty, independence and territorial integrity, and will provide as much assistance as its capacity allows for Syria in fighting the COVID-19 pandemic, revitalizing its economy and improving the people’s well-being, so as to continuously lift China-Syria cooperation to new levels. ■

1-Huge crowds of Assad supporters gather at the Umayyad Square in Damascus, Syria, on May 27, 2021. (Xinhua)
2-A worker arranges medical donations from China at a hospital in Damascus, capital of Syria, Sept. 24, 2020. (Photo by Ammar Safarjalani/Xinhua)