Connect with us

Africa & Middle East

တူနီးရှားနိုင်ငံတွင် နိုင်ငံတော်အရေးပေါ်အခြေအနေကာလ အား နောက်ထပ်တစ်လ ထပ်မံတိုးမြှင့်

တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essebsi အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ မတ် ၇ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essebsi သည် နိုင်ငံတော်အရေးပေါ်အခြေအနေကာလ အား ၂၀၁၉ခုနှစ် မတ် ၇ ရက်မှ နောက်ထပ် တစ်လ ထပ်မံတိုးမြှင့်လိုက်သည်ဟု ကြေညာလိုက်ကြောင်း သမ္မတရုံး က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ ဝန်ကြီးချုပ် Youssef Chahed က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ Mohamed Ennaceur နှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

တူနီးရှားနိုင်ငံ ပိုင်နက်အတွင်း နိုင်ငံတော်အရေးပေါ်အခြေအနေကာလအား အကြိမ်ပေါင်းများစွာ တိုးမြှင့်ခဲ့ပြီး နောက်ဆုံးအနေဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် တိုးမြှင့်ခဲ့ကြောင်း သိရသည်။

သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့လိုက်ပါလာသော ဘတ်စ်ကားအား ဗုံးဖောက်ခွဲခဲ့မှုကြောင့် ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီးနောက်ပိုင်း နိုင်ငံတော်အရေးပေါ်အခြေအနေ အား ၂၀၁၅ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ပထမဆုံးအကြိမ် စတင်ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.