Connect with us

Africa & Middle East

တောင်အာဖရိကတွင် ရထားချင်းတိုက်မိ၍ လူ ၃၀၀ ဦး ဒဏ်ရာရရှိ

တောင်အာဖရိကတွင် ယခင်က ဖြစ်ပွားခဲ့သည့် ရထားတိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ Kempton Park မြို့တွင် အောက်တိုဘာ ၄ ရက် ညနေပိုင်းက ရထားတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၃၀၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတော်တဆမှုသည် ည ၁၁း၃၀နာရီတွင်ဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။

Gauteng မြို့ပတ်ရထား ပြောရေးဆိုခွင့်ရှိသူ Lillian Mofokeng က ခရီးသည်တင်ရထားတစ်စီးသည် စက်ချို့ယွင်းကာ ရပ်ထားသော အခြားရထားတစ်စီးအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို ပြည်တွင်းဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တောင်အာဖရိက ခရီးသည်တင်ရထားဌာန က မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်း ကို စုံစမ်းရန် စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး အကြောင်းရင်းအား သိရှိရန်အခြားသော ဌာနဆိုင်ရာများ နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

စက်တင်ဘာလတွင်လည်း ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ တောင်ပိုင်း တွင် ခရီးသည်တင်ရထား ၂စီး တိုက်မိ၍ ခရီးသည် ၁၀၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.