Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အား နှစ်နိုင်ငံ ဖြေရှင်းမှု ပုံစံ ဖြင့် ဆောင်ရွက်သွားရန် ထောက်ခံကြောင်း ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် Angela Merkel အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ သို့ အလည်အပတ် ခရီး ဖြင့် ရောက်ရှိနေသည့် ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် Angela Merkel က အောက်တိုဘာ ၄ ရက် ၌ ဂျာမနီ နိုင်ငံ အနေဖြင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အား နှစ်နိုင်ငံ ဖြေရှင်းမှု ပုံစံ (Two-state solution) ဖြင့် ဆောင်ရွက်သွားရန် ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် Angela Merkel နှင့် အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu တို့က အောက်တိုဘာ ၄ ရက် တွင် ဂျေရုစလင် မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကျင်းပ ပြလုပ်ခဲ့ပြီး ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် Merkel က ဂျာမနီ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဖြေရှင်းမှု ပုံစံ ကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ ၏ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း တွင် ဂျူးလူမျိုးများ အတည်တကျ နေထိုင်ရန် အတွက် တည်ဆောက်မှုများက နှစ်နိုင်ငံ ဖြေရှင်းမှု ပုံစံ အား အကောင်အထည်ဖော်ရန် အခက်အခဲ ဖြစ်စေခဲ့ကြောင်း ၊ အီရန် အရေး နှင့် ပတ်သက်၍ ဂျာမနီ နိုင်ငံ မှ အစ္စရေး နိုင်ငံ ၏ ရပ်တည်မှု ကို ထောက်ခံအားပေးပြီး အီရန် နိုင်ငံ ၌ နျူကလီးယား လက်နက် မရှိရန် ကို အစွမ်းကုန် ကြိုးစားသွားရမည် ဖြစ်ကြောင်း ၊ သို့သော် အီရန် နိုင်ငံ တွင် နျူကလီးယား လက်နက် မရှိရန် ဆောင်ရွက်မှု ပုံစံ နှင့် ပတ်သက်၍ မတူညီသည့် အမြင် တည်ရှိကြောင်း ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က သတင်းစာ ရှင်းလင်းပွဲ တွင် အီရန် နိုင်ငံ ၏ နျူကလီးယား လက်နက် နှင့် ပတ်သက်၍ ရလိုမှု ကို အစွမ်းကုန် တားဆီး သွားရမည် ဖြစ်ကြောင်း ၊ အစ္စရေး နိုင်ငံ အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး အတွက် အစွမ်းကုန် ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ပြီး အီရန် နိုင်ငံ မှ ဆီးရီးယား နှင့် လက်ဘနွန် နိုင်ငံ တို့မှ တစ်ဆင့် အစ္စရေး နိုင်ငံ အား တိုက်ခိုက်ခြင်း ကို တားဆီးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.