Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် စစ်သွေးကြွ အယောက် ၇၀၀ လက်နက်ချခဲ့ကြောင်း စစ်ဦးစီးချုပ်ပြောကြား

နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာဂို့စ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် ဘော်နိုပြည်နယ် မှ ဘိုကိုဟာရမ် စစ်သွေးကြွ အယောက် ၇၀၀ သည် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များထံ လက်နက်ချခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ဇူလိုင် ၃ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား စစ်ဦးစီးချုပ် Tukur Buratai က နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများအား တိုက်စစ်ဆင်ရာတွင် ကြီးမားသော အောင်မြင်မှုများရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ၏တပ်မတော်နေ့ အခမ်းအနား ၌ပြောကြားခဲ့သည်။

၎င်းက စစ်သွေးကြွတစ်ချို့လည်း လက်နက်ချရန် စီစဉ်နေပြီး ယင်းသည် ဘိုကိုဟာရမ် စစ်ပွဲကို အနိုင်ရကြောင်းဖော်ပြနေသည့် ရှင်းလင်းသော အဖြေတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ စတင်ထကြွခဲ့သည့် ၂၀၀၉ခုနှစ်မှ စ၍ လူပေါင်း ၂၀,၀၀၀ကျော် သေဆုံးခဲ့ပြီး လူ၂.၃သန်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်သွေးကြွ အုပ်စုသည် ၂၀၁၄ခုနှစ် ဧပြီလတွင် ဘော်နိုပြည်နယ် ရှိ Chibok ဒေသမှ ကျောင်းသူ အယောက် ၂၀၀ကျော်ကို ပြန်ပေးဆွဲခဲ့ပြီး ယခုအချိန်အထိ ကျောင်းသူ ၁၀၆ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ ထိန်းသိမ်းရေးစင်တာတစ်ခု တွင် ဘိုကိုဟာရမ်စစ်သွေးကြွ အဖွဲ့ဝင်ဟု ယူဆရသည့် တရားခံ ၁,၄၀၀ ထက်မနည်း ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.