Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ရဲတပ်ဖွဲ့ အား ဗုံးခွဲ တိုက်ခိုက်ခဲ့သဖြင့် ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိ

ဆော်ဒီအာရေဗျ နိုင်ငံ အထူးရဲတပ်ဖွဲ့ ဝင်များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုက် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

နိုင်ငံ အရှေ့ပိုင်း ရှီအိုက် များ စုဝေးနေထိုင်ရာ ဒေသတွင် ဆော်ဒီအာရေဗျ နိုင်ငံ ရဲတပ်ဖွဲ့ ၏ ကားတစ်စင်း ကင်းလှည့်နေစဉ် တွင် ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဒေသစံတော်ချိန် နံနက် ၇ နာရီ အချိန်တွင် ဒေသတွင်း၌ ကင်းလှည့်တာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ ကားတစ်စင်း သည် အကြမ်းဖက်သမား တို့၏ ဗုံးခွဲတိုက်ခိုက်မှု ကို ခံခဲ့ရပြီး တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ တိုက်ခိုက်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်နေပြီး တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည့် နေရာ သည် ရှီအိုက် တို့ အဓိက စုဝေး နေထိုင်ရာ ဒေသဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.