Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ ဒမတ်စကက်စ် မြို့တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲမှု ကြောင့် သေဆုံးသူ ၂၀ ဦး ထိရှိလာ

ဆီးရီးယား နိုင်ငံ ဒမတ်စကက်စ် မြို့တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံဌာန ၏ ဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ ဒမတ်စကက်စ် မြို့တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ကားဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၂၀ ဦး ရှိလာခဲ့ပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား လုံခြုံရေး ဌာန မှ အမည်မဖော်လိုသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ဆက်သွယ်ပြောကြား ခဲ့ရာတွင် အခင်းဖြစ်ပွားသည့် နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် အစွန်းရောက် သမား ၂ ဦးသည် ကားဖြင့် ဒမတ်စကက်စ် မြို့ အရှေ့ပိုင်းရှိ လွတ်လပ်ရေး ကွင်းပြင်သို့ မောင်းနှင်လာခဲ့ပြီး လုံခြုံရေး ဝန်ထမ်းမှ စစ်ဆေးရန် တားမြစ်ချိန်တွင် ကားဗုံးအား ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွား ရာကွင်းပြင် ၏ တောင်ဘက်ခြမ်းတွင် လူနေအိမ်များတည်ရှိပြီး အဆောက်အဦ ၏ နံရံများသည် ဆိုးရွားစွာ ပျက်ဆီး ခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ကားများမှာလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းထောက်က တွေ့ရှိခဲ့ရသည်။ ဒေသတွင်း ပြည်သူတစ်ဦး က ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် လူအများစုမှာ နေအိမ်တွင် အနားယူနေကြကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံ လုံခြုံရေး ဌာန မှ တာဝန်ရှိသူတစ်ဦး က ရဲတပ်ဖွဲ့ အနေဖြင့် ထိုနေ့တွင် ဒမတ်စကက်စ် လေဆိပ် ဝင်ပေါက်၌ ဗုံးဖောက်ခွဲမှု ပြုလုပ်ရန် စီစဉ် ထားသည့် ကားနှစ်စင်း ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ စစ်ဆေးတွေ့ရှိပြီးနောက်တွင် လုံခြုံစွာ ဖျက်စီး ခဲ့ပြီး လူများ သေဆုံး ၊ ဒဏ်ရာရရှိမှု ကို ကာကွယ်ပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ ဗုံးခွဲတိုက်ခိုက်သူ ၏ အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ တိုက်ခိုက်သူများ အနေဖြင့် အားလပ်ရက် အပြီး မြို့တော်တို့ လုပ်ငန်းပြန်လည် ဝင်ရောက်လာသူများပြား ချိန်တွင် တိုက်ခိုက်လိုသောကြောင့် ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

လက်တလောရက်ပိုင်းတွင် ဒမတ်စကက်စ် မြို့တွင် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၏ အမြောက် နှင့် ဒုံးကျည် များဖြင့် တိုက်ခိုက်မှု ကို အကြိမ်ကြိမ် ခံခဲ့ရကာ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ တို့မှ ဒမတ်စကက်စ် မြို့ အရှေ့ပိုင်း တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)