Africa & Middle East
နိုင်ဂျီးရီးယားနိုင်ငံ၌ ကနူးလှေ မတော်တဆမှုအတွင်း လူပေါင်း ၂၁ ဦးပျောက်ဆုံးနေ
အက်ဘူဂျာ ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ၌ ကနူးလှေမတော်တဆမှု တစ်ခုအတွင်း ဒေသခံ ရေငုပ်သမားများက အလောင်းတစ်လောင်းကိုသာ ဆယ်ယူနိုင်ခဲ့ပြီး အခြား ၂၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာအရာရှိတစ်ဦးက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံမြောက်ပိုင်း Sokoto ပြည်နယ်၌ ဇူလိုင် ၇ ရက် နှောင်းပိုင်းက လှေတိမ်းမှောက်ခဲ့ပြီးနောက် လူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်နယ်အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စီအဖွဲ့ခေါင်းဆောင် Ibrahim Dingyadi ၏ပြောကြားချက်အရ သိရသည်။
Dingyadi က သတင်းသမားများအားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ Bafarawa မြစ်ထဲတွင် အခင်းဖြစ်ပွားချိန်က ကနူး သယ်ယူပို့ဆောင်ရေးလှေပေါ်၌ ခရီးသည် ၃ဝ ဦးလိုက်ပါလာကြောင်း ဆိုသည်။
ရေငုပ်သမားများက ပျောက်ဆုံးနေသည့် ၂၁ ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းက ဆိုသည်။ နိုက်ဂျီးရီးယားနိုင်ငံ၌ မိုးရာသီဖြစ်နေခြင်းကြောင့် အခင်းဖြစ်ပွားသော Bafarawa မြစ်၌ လက်ရှိတွင် မြင်ကွင်း မရှင်းကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် လှေငယ်များ နှင့် ကနူးလှေများကို အသုံးပြုခြင်းမပြုရန် ဒေသဆိုင်ရာအာဏာပိုင်များက အစောပိုင်းက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။(Xinhua)