Connect with us

Africa & Middle East

နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးများအတွင်း ဓားစာခံ ၆၀၅ဦးအား ကယ်ဆယ်နိုင်ခဲ့

နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ ကယ်ဆယ်ခဲ့သည့် ဓားစာခံအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ စစ်တပ်က မြေပြင်တပ်ဖွဲ့ဝင်များသည် မတူညီသော ကင်းလှည့်ဆောင်ရွက်မှုများအတွင်း ဆန်ဘီဆာတောအုပ်၌ ဘိုကိုဟာရမ်စစ်သွေးကြွများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် လူ ၆၀၅ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ရက်ကပြောကြားခဲ့သည်။

Lafiya Dole စစ်ဆင်ရေး တပ်မှူး Lucky Irabor က ဒီဇင်ဘာ ၇ မှ ဒီဇင်ဘာ ၁၄ရက်နေ့အထိပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများ၌ အရွယ်ရောက်ပြီးအမျိုးသား ၆၉ဦးနှင့် အမျိုးသမီး ၁၈၀ဦး၊ အရွယ်မရောက်သေးသည့် ယောကျာ်းလေး ၂၂၇ဦး နှင့် မိန်းကလေး ၁၂၉ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း တည်ငြိမ်မှုမရှိသေးသည့် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂူရီမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်လာသည့် ဓားစာခံများအား နောက်ထပ်စုံစမ်းစစ်ဆေးမှုများ နှင့် စစ်ကြောမေးမြန်းမှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များ က ဒေသတစ်လျှောက် ပြုလုပ်ခဲ့သည့် မတူညီသော စစ်ဆင်ရေးများအတွင်း စစ်သွေးကြွအရေအတွက်များစွာ ချေမှုန်းနိုင်ခဲ့ပြီး ဓားစာခံများကိုလည်း ကယ်ဆယ်နိုင်ခဲ့ကာ ဧရိယာတော်တော်များများကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံ ၏ အရှေ့မြောက်ပိုင်းဒေသအား ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့က အခိုင်အမာ ခြေကုပ်ယူထားခဲ့ပြီး လွန်ခဲ့သည့် လများ၌ နိုင်ဂျီးရီးယားအစိုးရက အစွန်းရောက်များ၏ ခြိမ်းခြောက်မှုအား အဆုံးသတ်ရန် စစ်ဆင်ရေးများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.