Africa & Middle East
မိုဂါဒစ်ရှူးမြို့ရှိ ဓာတ်ဆီဆိုင်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိ
![မိုဂါဒစ်ရှူးမြို့တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2019/01/images_mm_2019_01_29n1.jpg)
မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ Banadir ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးချုပ်အနီးရှိ ဓာတ်ဆီဆိုင် ဝင်ပေါက်အနီးတွင် ဇန်နဝါရီလ ၂၉ ရက်၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားလိုက်သည်။
အဆိုပါ ကားအား လုံခြုံရေးအရာရှိများကရှာဖွေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ အသေအပျောက်ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိပေ။ (Xinhua)