Connect with us

Africa & Middle East

ယီမင်တွင် ဆော်ဒီဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ဦးသေဆုံး

ယီမင်တွင် ဆော်ဒီဦးဆောင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်စဉ် (ဆင်ဟွာ)

ဆာနား၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အီရန်က ကျောထောက်နောက်ခံပေးထားသော ရှီယိုက်ဟူသီသူပုန်များကို တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidah မြို့ရှိ ရေပေးဝေသည့် ရေစုပ်စက်တစ်ခု အနီး၌ အောက်တိုဘာ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ လူ ၅ဦးသေဆုံးကြောင်း ပြည်နယ်ဆိုင်ရာ ဆေးရုံတစ်ခုကပြောကြားခဲ့သည်။

Al-Jah ခရိုင်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများသည် လယ်သမားများဖြစ်ကြောင်း အမည်မဖော်လိုသူ ဆေးရုံသတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

အောက်တိုဘာ ၈ ရက်တွင်လည်း Hodeidah မြို့ Salef ဆိပ်ကမ်းအရှေ့ပိုင်း Dakwanah ဧရိယာ ရှိ ပျားမွေးမြူရေးစခန်းတစ်ခု သို့ ညွှန့်ပေါင်းတပ်ဖွဲ့က လေကြောင်းစစ်ဆင်မှု ပြုလုပ်ခဲ့ရာ ပျားမွေးမြူရေးလုပ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Hodeidah ဆိပ်ကမ်းသည် ယီမင်နိုင်ငံ၏ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ထောက်ပံ့ရေးပစ္စည်း နှင့် လောင်စာဆီများ၏ ၇၀ရာခိုင်နှုန်း ဝင်ရောက်ရာ အဓိကဝင်ပေါက်တစ်ခုဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော လတွင် ကုလသမဂ္ဂက ဂျီနီဗာ၌ ပြုလုပ်သော ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းမှုတစ်ခုသို့ တက်ရောက်ရန် ဟူသီသူပုန်များက ငြင်းပယ်ခဲ့ပြီးနောက် အဆိုပါ ဆိပ်ကမ်းမြို့ ၌ တိုက်ပွဲများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.