Connect with us

Africa & Middle East

ယူဂန္ဓာရှိ စီးပွားရေးသုံးယာဉ်အားလုံး တွင် ဒီဂျစ်တယ်အရှိန်နှုန်း ကန့်သတ်စက်များတပ်ဆင်မည်

ယူဂန္ဓာနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကန်ပါလာ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ယူဂန္ဓာနိုင်ငံ အစိုးရ သည် နိုင်ငံအတွင်း ယာဉ်မတော်တဆမှုများကို လျှော့ချရန်ရည်ရွယ်သည် လှုပ်ရှားမှုတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်အားလုံးတွင် ဒီဂျစ်တယ်အရှိန်နှုန်း ကန့်သတ်စက်များတပ်ဆင်ရန် မေ ၂၉ ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက် ဝန်ကြီး Frank Tumwebaze က စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်များ၏ ကားမောင်းသူများသည်လည်း စွမ်းဆောင်ရည်မြှင့်သင်တန်းများကို တက်ရောက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

၎င်းက အလုပ်အကိုင်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန သည် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူဂန္ဓာနိုင်ငံ အနောက်အလယ်ပိုင်း တွင် လွန်ခဲ့သည့် ရက်သတ္တပတ် က ယာဉ်မတော်တဆမှုကြောင့် လူ ၂၂ဦးသေဆုံးပြီး အခြားလူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယင်းကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူဂန္ဓာနိုင်ငံ တွင် နှစ်စဉ် ယာဉ်တိုက်မှုပေါင်း အနည်းဆုံး ၂၀,၀၀၀ဖြစ်ပွားပြီး လူ ၂,၀၀၀ကျော် သေဆုံးလျက်ရှိပြီး ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လူအသေအပျောက်အများဆုံးနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.