Connect with us

Africa & Middle East

ရေရှားပါးမှုကြောင့် အီရန်တွင် စပါးစိုက်ပျိုးမှုအား ကန့်သတ်မည်

အီရန်နိုင်ငံ ရှိ ရေခန်းခြောက် နေသည့် နေရာတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အစိုးရ က မြေအောက်ရေခန်းခြောက်တော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသော ဧရိယာများတွင် စပါးစိုက်ပျိုးမှုကို တားမြစ်ရန် စီစဉ်နေကြောင်း Financial Tribune နေ့စဉ်သတင်းစာ က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ရေရှားပါမှုသည် နွေဦးကာလ သီးနှံများစိုက်ပျိုးမှုအပေါ် ဆိုးကျိုးများ သက်ရောက်စေမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီး Reza Ardakanian ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။နိုင်ငံမြောက်ပိုင်း ရှိ မြို့အချို့မှ လယ်သမားများအား စပါးစိုက်ပျိုးခြင်းအစား ဆီထွက်သီးနှံများ (သို့) တိရစ္ဆာန်အစားအစာ သီးနှံများ စိုက်ပျိုးရန် အကြံပေးထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၎င်းက မြောက်ပိုင်း Mazandaran ပြည်နယ်ရှိ ဆည်များမှ ရေပေးဝေမှုသည် လက်ရှိအီရန်ပြက္ခဒိန်နှစ် အစဖြစ်သော မတ်လ ၂၁ရက်မှ စ၍ တစ်နှစ်ထက်တစ်နှစ် ပျမ်းမျှ ၄၀ရာခိုင်နှုန်းလျော့နည်းလာကြောင်း ပြောကြားခဲ့သည်။အီရန်နိုင်ငံ၏ ရေအရင်းအမြစ် ၉၂ရာခိုင်နှုန်း ကို ရေရှည်အတွက်ထိန်းသိမ်းမှုမရှိဘဲ ရေဖြုန်းတီးမှုများသည့် စိုက်ပျိုးရေးလုပ်ငန်းများက အသုံးပြုလျက်ရှိကြောင်း သိရသည်။ကမ္ဘာ့ရေအရှားပါးဆုံးနိုင်ငံများအနက်တစ်ခု အပါအဝင်ဖြစ်သည့် အီရန်နိုင်ငံ ပျမ်းမျှမိုးရွာသွန်းမှုသည် ၁၀နှစ်တာကာလအတွင်း ကမ္ဘာ့ပျမ်းမျှမိုးရွာသွန်းမှုထက် လျော့နည်းခဲ့ပြီး အီရန်နိုင်ငံသား ၃၇သန်းခန့်သည် ရေရှားပါးသည့်ဒေသများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.