Connect with us

Africa & Middle East

လက်ဖြင့် ဆွဲကိုင်သွားရန် မလိုတော့သည့် စမတ်ခရီးဆောင်အိတ် ထွက်ပေါ်

လက်ဖြင့်ဆွဲကိုင်သွားရန်မလိုတော့သည့်စမတ်ခရီးဆောင်အိတ်အားတွေ့ရစဉ် (ဓာတ်ပုံ-NUA)

ပေကျင်း၊ ဇန်နဝါရီလ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေး သိပ္ပံပညာရှင်များ အသစ် တီထွင်ထုတ်လုပ်လိုက်သည့် စမတ်ခရီးဆောင်အိတ် သည် သာမန် ခရီးဆောင်အိတ် အမျုးိအစား များထဲမှခွဲထွက်ကာ လက်ဖြင့် ဆွဲကိုင်သွားရန် မလိုတော့ဘဲ ခရီးသည်နှင့်အတူ အလိုအလျောက် လိုက်ပါနိုင်ကြောင်း သိရှိရသည်။

အဆိုပါ ခရီးဆောင်အိတ် တွင် ကင်မရာ အာရုံခံစနစ် နှင့် Bluetooth စနစ်တို့ ပါဝင်ပြီး ပိုင်ရှင်မှ စမတ်ဖုန်း အပလီကေးရှင်းဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။

သူခိုးရန်မှ ကာကွယ်ရန်အတွက် သူစိမ်းတစ်ယောက်မှ ခရီးဆောင်အိတ်အား ရုတ်တရက် ဆွဲယူရန် ကြိုးစားလာ ပါက အလိုအလျောက် သတိပေးနိုင်သည့် Antitheft alarm စနစ်ကို ထည့်သွင်းထားကြောင်းနှင့် စမတ် ခရီးဆောင်အိတ် ၏ ဘက်ထရီ အားသွင်းရန်အတွက် USB ပေါက်များပါရှိကြောင်း သိရသည်။စမတ်ခရီးဆောင်အိတ်၏ အလေးချိန်သည် ၁.၅ ကီလိုဂရမ် သာရှိသောကြောင့် ခရီးသွားများ အတွက် အလွန် သင့်လျော်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းခရီးဆောင်အိတ်ကို ညီညာသည့် မျက်နှာပြင်များ၌သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ထုတ်လုပ်သူများ က နောက်ပိုင်းတွင် လှေကားထစ်များ နှင့် အခြား ညီညာမှုမရှိသည့် မြေမျက်နှာပြင်များမှ သည် လေဆိပ်များအထိ အပြည့်အဝအသုံးချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးဆောင်အိတ် ပုံစံရေးဆွဲသည့် NUA အဖွဲ့ က ၎င်း၏လုပ်ဆောင်ချက်များ ပိုမို တိုးတက် ကောင်းမွန် စေရန် ဆောင်ရွက်ဆဲဖြစ်ပြီး တစ်နှစ်အတွင်း သုံးစွဲသူများထံ အရောက်ပို့ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117