Connect with us

Africa & Middle East

လက်ရှိ နိုင်ငံတကာအခြေအနေအပေါ် ရှီနှင့် ပူတင်တို့ အမြင်ချင်းဖလှယ်ဆွေးနွေး

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့်အတူ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ဇူလိုင်လ ၂၆ ရက်က တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံတကာ အခြေအနေအပေါ် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးတို့သည် ၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့် တွဲလျက် တွေ့ဆုံဆွေးနွေးခဲ့ပြီး အတူတကွ ညစာစားခဲ့ကြသည်။တွေ့ဆုံစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးတို့သည် ဘုံဆက်စပ်မှုရှိသော ကိစ္စရပ်များအပေါ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအား “BRICS in Africa : စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် တိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှု မျှဝေခြင်းအတွက် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ရည်ရွယ်ချက်ဖြင့် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။ (Xinhua)