Connect with us

Africa & Middle East

လစ်ဗျားကမ်းရိုးတန်းအနီးမှ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၃၄၀ နီးပါးအား ကယ်ဆယ်

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တွင် လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောကုန်းပတ်ပေါ်၌ တရားမဝင်ရွှေ့ပြောင်းသွားလာသူများအား ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ မေ ၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းအနီးမှ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၃၄၀ ခန့်အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဧပြီ ၃၀ ရက်၌ ပြောကြားခဲ့သည်။

“လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ကနေ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသွားလာသူ ၃၄၀ ခန့်ကို ထရီပိုလီသို့ ဒီကနေ့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်” ဟု UNHCR က တွစ်တာပေါ်၌ ရေးသားထားသည်။

“ကယ်ဆယ်ခံရသူတွေအားလုံးကို ထိန်းသိမ်းမှုမလုပ်ဆောင်မီ UNHCR နဲ့ IRC (နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ) က အရေးပေါ် ဆေးဘက်ဆိုင်ရာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခဲ့ပါတယ်” ဟု UNHCR က ပြောခဲ့သည်။

လစ်ဗျားနိုင်ငံသည် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပကမ်းခြေများသို့ ရောက်ရှိရန် ကြိုးစားလိုသူ မြောက်မြားစွာသော ရွှေ့ပြောင်းသွားလာသူများအတွက် ထွက်ခွာရာနေရာတစ်ခု ဖြစ်လာခဲ့သည်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ အဆိုအရ ယခုနှစ်အတွင်း လစ်ဗျားကမ်းရိုးတန်းမှ အမျိုးသမီးနှင့် ကလေးများ အပါအဝင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆,၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဒုက္ခသည် ထိန်းသိမ်းရေးစင်တာများအား ပိတ်သိမ်းရန် နိုင်ငံတကာက ထပ်ခါထပ်ခါ ပြောဆိုမှုများ ရှိနေသည့်ကြားမှ ကယ်ဆယ်ခံရသော ရွှေ့ပြောင်းသွားလာသူများမှာ လစ်ဗျားနိုင်ငံတစ်ဝန်းရှိ လူပြည့်ကျပ်နေသော ထိန်းသိမ်းရေးစင်တာများ၌သာ အဆုံးသတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Nearly 340 illegal migrants rescued off Libyan coast: UNHCR
TRIPOLI, May 1 (Xinhua) — The United Nations High Commissioner for Refugees (UNHCR) on Friday said that some 340 illegal migrants have been rescued off the coast of Libya.
“Some 340 refugees and migrants have been returned today to Tripoli by Libyan Coast Guard,” UNHCR tweeted.
“UNHCR and IRC (International Rescue Committee) provided urgent medical and humanitarian assistance to all survivors before being taken to detention,” UNHCR said.
Libya has become a preferred point of departure for thousands of immigrants who attempt to cross the Mediterranean Sea to reach European shores.
According to the International Organization for Migration, more than 6,000 illegal migrants have been rescued off the Libyan coast so far this year, including women and children.
Rescued migrants end up in overcrowded reception centers across Libya, despite repeated international calls to close those centers. Enditem

(210429) — TRIPOLI, April 29, 2021 (Xinhua) — Illegal immigrants are seen on the deck of a Libyan Coast Guard’s ship in Tripoli, Libya, on April 29, 2021. The Libyan Coast Guard on Thursday rescued 99 illegal immigrants off the western coast of the town Mellitah, some 70 km west of the capital Tripoli, as their boat was about to sink. (Photo by Hamza Turkia/Xinhua)