Connect with us

Africa & Middle East

လစ်ဗျားရေတပ်က အနောက်ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၉၁ ဦးအား ကယ်ဆယ်


ထရီပိုလီ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

လစ်ဗျားရေတပ် ကမ်းစပ်လုံခြုံရေးကင်းလှည့်အဖွဲ့သည် ဇွန် ၁၈ ရက်က လစ်ဗျားနိုင်ငံ အနောက်ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ရုပ်လောင်း ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၁ ဦးအား ကယ်ဆယ်ခဲ့ကြောင်း လစ်ဗျားရေတပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။

လစ်ဗျား ကမ်းစပ်လုံခြုံရေးကင်းလှည့်အဖွဲ့သည် အနောက်ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ Zuwarahမြို့မြောက်ဘက် ၁၀ ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်တွင် ရော်ဘာရေယာဉ်ဖြင့်လိုက်ပါလာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ဦးအား ကယ်ဆယ်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၅ ခုကို ဆယ်ယူခဲ့ကြောင်း လစ်ဗျားရေတပ် ပြောရေးဆိုခွင့်ရှိသူ Ayob Qassem က ဆင်ဟွာကို ပြောကြားခဲ့သည်။

လစ်ဗျားရေတပ်က ကယ်ဆယ်ရေးများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

လစ်ဗျားရေတပ်က ကယ်ဆယ်ရေးများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

လစ်ဗျားရေတပ်က ကယ်ဆယ်ရေးများပြုလုပ်နေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပင်လယ်ရေလှိုုင်းကြီးများပုတ်ခတ်မှုကြောင့် ရော်ဘာရေယာဉ်နေရာအချို့ပျက်စီးခဲ့ပြီး ရေစိမ့်ဝင်ခဲ့ ကြောင်း၊ လူအချို့မှာ ရေထဲသို့ပြုတ်ကျခဲ့ရာ လူ ၅ ဦး ရေနစ်သေဆုံးခဲ့ကြောင်း Ayob Qassemက ဆိုသည်။

ဇွန် ၁၈ ရက် က Zawiyaမြို့အနီးပင်လယ်ပြင်တွင်လည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၇၆ ဦးကို ကယ်ဆယ်ခဲ့ကြောင်း ၊ ၎င်းတို့မှာ အဓိကအားဖြင့် အာဖရိကနိုင်ငံများမှ လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှစ၍ လစ်ဗျား နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်ခဲ့ရာ တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများက လစ်ဗျားမှတစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပနိုင်ငံများသို့ သွားရောက်ကြခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.